
၂၅.၄.၂၀၂၆
Translated by Htwe Ko Tun
လက်ရှိဖြစ်ပွားနေသော အစ္စရေး-အမေရိကန်နှင့် အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းအမျိုးမျိုးသော ဘေးဒုက္ခ အခက်အခဲများကို တွေ့ကြုံကြရာတွင် ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာအတွက် ဆေးဝါးများ ပြတ်လပ်မှုနှင့်ဆေးဝါးဈေးနှုန်းများ မြင့်တက်လာခြင်းကလည်း တစ်ခုအပါအဝင်ဟု ဆိုရပေမည်။
ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာ သောက်သုံးသော အဓိက NHS ဆေးဝါးအချို့၏ ဈေးနှုန်းများသည် ပဋိပက္ခစတင်ကတည်းက မြင့်တက်လာခဲ့ရာ လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်းအပြင် လောင်စာဆီနှင့် ပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့က အဓိကအကြောင်းရင်းများဟုလည်း ဆိုကြသည်။ NHS စနစ်က နိုင်ငံရှိလူဦးရေအားလုံးအတွက် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်နည်းသော ဆေးဝါးကုသမှုကို ပံ့ပိုးပေးသည့် အစိုးရမှ ထောက်ပံ့သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုဖြစ်သည်။
ဆေးဝါးပညာရှင်များက စစ်ပွဲကြောင့် လက်ရှိကင်ဆာဆေးဝါးပြတ်လပ်မှုသည် ပိုမိုဆိုးရွားလာနိုင်ပြီး သွေးတိုးကျဆေးများ၊ စတီးရွိုက်များနှင့် ကင်ဆာဝေဒနာရှင်များ အသုံးပြုသည့် အခြားဆေးဝါးများ လည်း ထိခိုက်လာနိုင်ကြောင်းကို သတိပေးထားကြသည်။
The Telegraph နှင့် အမျိုးသားဆေးဝါးရောင်းချရေးအသင်း (NPA)တို့ မှ ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း)နိုင်ငံတစ်ဝန်းရှိ ဆေးဆိုင် ၄၀၀ အား သုတေသနပြုခဲ့ရာတွင် အများဆုံး ညွှန်ကြားထားသော ဆေးဝါးအချို့၏ ဈေးနှုန်းများ မြင့်တက်လာကြောင်း တွေ့ရှိခဲ့သည်။
ဖေဖော်ဝါရီလမှစ၍ အချို့ဆေးဝါးများမှာ ဈေးနှုန်းများ ၁၁ ဆအထိ မြင့်တက်လာသည်ကို တွေ့ခဲ့ရပြီး NHS အနေဖြင့် ကုန်ကျစရိတ်ကို ကာမိရန် ရုန်းကန်နေရသည်။ တုံ့ပြန်သူတိုင်းက စစ်ပွဲသည် ၎င်းတို့ရင်ဆိုင်နေရသော ဆေးဝါးပြတ်လပ်မှုကို ပိုမိုဆိုးရွားစေမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
စစ်ပွဲကြောင့် ထောက်ပံ့မှု တင်းကျပ်လာပြီး ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ထုတ်လုပ်သူအချို့က ၎င်းတို့၏ ပုံမှန်ပမာဏ၏ လေးပုံတစ်ပုံခန့်သာ ရရှိကြောင်း သတင်းပို့ခဲ့ကြသည်။
ဆေးဆိုင်များကလည်း NHS သည် ၎င်းတို့ပေးဆောင်နေသော ဆေးဝါးများထက် များစွာနည်းပါးသော ငွေပမာဏကို ပြန်လည်ပေးချေနေသောကြောင့် ၎င်းတို့သည် ငွေအမြောက်အမြား ဆုံးရှုံးနေပြီဟု ပြောကြားခဲ့သည်။
NPA ၏ ဥက္ကဋ္ဌ အိုလီဗီယာ ပီကတ်က အရှေ့အလယ်ပိုင်းတွင် ဤပဋိပက္ခနှင့် နောက်ဆက်တွဲပိတ်ဆို့မှုများ ဆက်လက်ကြာရှည်နေပါက ဆေးဝါးပြတ်လပ်မှု မလွဲမသွေဖြစ်လာမည်ဟု ထုတ်လုပ်သူများထံမှ သတင်းများကြောင့် အထူး စိုးရိမ်မိကြောင်း ပြောခဲ့သည်။
ဆေးဆိုင်များက ကင်ဆာရောဂါကုသမှုအများအပြားသည် ပြတ်လပ်နေပြီဟု ပြောကြားခဲ့ပြီး ပဋိပက္ခသည် ပြဿနာကို ပိုမိုဆိုးရွားစေမည်ကို စိုးရိမ်နေကြသည်။
ဖေဖော်ဝါရီလတွင် ဥရောပဆေးဝါးအေဂျင်စီကလည်း ဗြိတိန် အပါအဝင် ဥရောပတိုက်တစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသည့် သွေးကြောထဲထိုးသွင်းသည့် ကင်ဆာဆေးဝါး ပြတ်လပ်မှုအကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟော်မုန်းကုထုံးခံယူနေသော လူနာများတွင် ပူပြင်းသောအပူလောင်ခြင်းကို စီမံခန့်ခွဲရန်အသုံးပြုသည့် Oxybutynin သည် ယူကေတွင် အများစုပြတ်လပ်နေပြီး ၎င်း၏ဈေးနှုန်းသည် ယခုနှစ်အစမှစ၍ သုံးဆမြင့်တက်ခဲ့သည်။ ထိုဆေးက ရက်သတ္တပတ်ပိုင်းအတွင်း ပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မျှော်လင့်ရသည်။
“တစ်ချိန်တည်းမှာပင်၊ ထုတ်လုပ်မှုတွင် အသုံးပြုသော အရေးကြီးသော ကုန်ကြမ်းအချို့သည် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် ပျက်စီးသွားသော ရေနံဓာတုဗေဒပစ္စည်းများအပေါ် မှီခိုနေရခြင်းဖြစ်ရာ မြင့်တက်လာသောရုပ်ကြွင်းလောင်စာ ကုန်ကျစရိတ်များက ထုတ်လုပ်မှု ကုန်ကျစရိတ်များကို မြင့်တက်စေခဲ့သည်။
ဤဆေးဝါးပြတ်တောက်မှုများက ကင်ဆာရောဂါကုသမှုနှင့် နာကျင်မှု သက်သာစေခြင်းမှ ပဋိဇီဝဆေးများသာမက စိတ်ကျန်းမာရေးနယ်ပယ်အထိ မရှိမဖြစ် ကုသမှုနယ်ပယ်များမှ ဆေးဝါးများပါဝင်နိုင်၍ NHS စနစ်တစ်ဝှမ်းရှိ ကုသမှုခံယူနေသော လူနာများအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်ဖွယ်ရှိသည်။
ထို့ကြောင့်လည်း ရှေ့ရက်သတ္တပတ်များအတွင်းမှာပင် ဗြိတိန်နိုင်ငံတစ်ဝန်းတွင် ဆေးဝါး ပြတ်လပ်မှုများ (သို့မဟုတ်) ဆေးဝါးဈေးနှုန်းများ မြင့်တက်လာမှုများကိုကြုံရဖွယ်ရှိပြီး နှစ်မျိုးလုံးကို ရင်ဆိုင်ရဖွယ်ရှိနေ၍လူနာသန်းပေါင်းများစွာသောက်သုံးနေသောကင်ဆာရောဂါသာမကအခြားဆေးဝါးများသည်လည်း ပြင်းထန်သောဖိအားအောက်တွင် ရှိနေကြောင်း သိရသည်။
Ref-The Teleghaph UK
