


၂၄.၄.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ စက်ဘီးအရောင်းဆိုင်တွင် ဘတ္ထရီစက်ဘီးအားသွင်းထားပြီး အိပ်ပျော်သွားရာမှ ဘတ္ထရီအပူလွန်ကဲ၍ မီးလောင်မှု ဧပြီလ ၂၄ ရက် နံနက် ၃ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှသိရသည်။
မီးလောင်မှုကြောင့် အလျား ၄၀ ပေ၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း RC တစ်ထပ်ဆိုင်ခန်းနှင့် စက်ဘီးအပိုပစ္စည်းနှင့်စ က်ဘီးများ၊ ဆံပင်ညှပ်ဆိုင်နှင့် အတွင်းပစ္စည်းများ မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၇ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၉၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၆ မိနစ်ခန့်တွင် မီးငြိမ်းခဲဲ့ကြောင်း သိရသည်။
ဆိုင်ခန်းမီးလောင်မှုကြောင့် အသက် ၂၉ နှစ်အရွယ် ဦးကျော်စန်းဝေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့်လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
