နေမိုး
၁၉. ၃. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ရာပေါင်းများစွာ စံချိန်တင် အလင်းဝင်မှု အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း ကနဦး သိရသည်။

တပ်မတော်က NUG ဩဇာခံ PDF များကို အလင်းဝင်နိုင်ကြောင်း ဖိတ်ခေါ်ချိန်မှစ ပြီးခဲ့သည့် မတ်လ ၁၉ ရက်တွင် PDF ၅၀၇ ဦးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ပင် စံချိန်တင် အလင်းဝင်ခဲ့ပြီးနောက် ယနေ့ ၅၁၇ ဦးအလင်းဝင်မှုသည် ထပ်မံစံချိန်တင် အများဆုံးဖြစ်ခဲ့သလို အလင်းဝင် PDF များနှင့် ပြန်လည်ထိန်းကျောင်းအပ်နှံခံရန် တက်ရောက်သည့် အုပ်ထိန်းသူမိသားစုဝင်များ၊ တာဝန်ရှိသူများဖြင့် တက်ရောက်သူဦးရေမှာ များပြားလွန်းသဖြင့် ခန်းမပင်မဆန့်၍ စစ်ရေးပြကွင်းတွင် အလင်းဝင်အခမ်းအနား ကျင်းပခဲ့ရကြောင်း သိရသည်။

အလင်းဝင်သူအများစုမှာ တပ်မတော်၏ ထိုးစစ်ကြောင့် ယာယီစိုးမိုးထားသောမြို့များမှ အရှုံးဖြင့် ဆုတ်ခွာပြေးနေရသည့် မန္တလေး PDF၊ YRF နှင့် မဟာမိတ်အဖွဲ့များဟုလည်း ကနဦးသိရပြီး အဆိုပါ PDF ၅၁၇ ဦးတွင် အမျိုးသား ၄၇၀ နှင့် အမျိုးသမီး ၄၇ ဦးပါဝင်သည့်အပြင် လက်နက် ၃၀ ကျော်၊ ရှော့တိုက်ဒုံးများနှင့် ခဲယမ်းများစွာ ပါ၀င်ခဲ့သဖြင့် ကျပ်သိန်း ရာပေါင်းများစွာ ဆုချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

ယခင်ကလည်း PDF ၂၉၀၀ နီးပါး အလင်းဝင်ထားသဖြင့် ယခုအလင်းဝင်မှုနှင့် တွက်ဆပါက PDF ၃၄၁၄ ဦးအထိ အလင်းဝင်လာခဲ့ပြီဖြစ်ပြီး NUG နှင့် PDF ထောက်ပို့များ၏ အလှူငွေခိုးယူကိုယ်ကျိုးသုံးမှုများ၊ တိုက်ပွဲအတွင်း အကျအဆုံးများမှုများ၊ PDF များကိုယ်တိုင် မုဒိမ်းကျင့်၊ လူသတ်မှုများစွာ ကျူးလွန်နေကြ၍ ယခင်ကဲ့သို့ ပြည်သူလှူဒါန်းထောက်ပံ့မှုမပြုကြတော့သဖြင့် ငတ်မွတ်ဒုက္ခရောက်နေကြပြီဖြစ်သော PDF အများအပြား အလင်းဝင်ရန်လည်း ကျန်ရှိနေကြောင်းနှင့် ထိုသို့ အလင်းဝင်သူများပြားလွန်းသဖြင့် PDF အဖွဲ့များကိုယ်တိုင် အလင်းမဝင်ရန် စာထုတ်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြရပြီဖြစ်ကြောင်း သိရသည်။

ပုံစာ။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ရာပေါင်းများစွာက လက်နက်ခဲယမ်းအများအပြားဖြင့် ယနေ့ အလင်းဝင်မှုမြင်ကွင်း (Photo – Credit)
