
၂၀.၄.၂၀၂၆.
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ ပြင်းအား မဂ္ဂနီကျူ့ ၇ ဒသမ ၅ ရှိ အင်အားပြင်းငလျင်တစ်ခု ဧပြီလ ၂၀ ရက် က လှုပ်ခတ်သွားခဲ့ရာ ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကြောင်း ဂျပန်နိုင်ငံ ရာသီဥတုအေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်ငလျင်တိုင်းတာရေးဌာနကလည်း ဂျပန်စံတော်ချိန် ညနေ ၄း၅၃ နာရီမှာ လှုပ်ခတ်သွားခဲ့တဲ့ အဆိုပါ ငလျင်က အနက် ၁၀ ကီလိုမီတာတွင်သာ ဗဟိုပြုတယ်လို့ ပြောခဲ့ပါတယ်။
ငလျင်ဌာနက ဟော့ကိုင်းဒိုးနဲ့ အီဝါတီ မဲဆန္ဒနယ်တွေမှာ ဆူနာမီကြောင့် ရေလှိုင်းအမြင့် ၃ မီတာအထိ ရောက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ပြင်းအား မဂ္ဂနီကျူ့ ၇ ကျော်တဲ့ အင်အားပြင်းငလျင်ကြီးတွေက တစ်နှစ်လျှင်တစ်ခါ လှုပ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
Ref- Kyodo News
