


သတိုး
၁၇. ၄. ၂၀၂၆
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် သက်ညှာပေးအပ်သည့် ယနေ့ လွတ်ငြိမ်းဖြင့် တောင်ငူထောင်မှ ပြန်လွတ်လာသည့် သမ္မတဟောင်း ဦးဝင်းမြင့်မှာ နေပြည်တော်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
“အားလုံးကို အသိပေးအပ်ပါတယ်။ ဆရာဦးဝင်းမြင့်
မိသားစုထံကို ပြန်လည်ရောက်ရှိလာပါပြီ။”ဟု NLD ပြန်ကြားရေးအဖွဲ့ဝင်ဟောင်း ဦးထင်လင်းဦးက အသိပေးသည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော် သမ္မတသည် တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ထောင်ဝင်အမှတ် တင/၂၃/ ဝဝဝ၃၅/က ဝင်းမြင့် (ဘ)ဦးထွန်းကျင်အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
NLD ပါတီ ကျူးလွန်သော မဲမသမာမှုတွင် ပါဝင်ခဲ့သူသမ္မတဟောင်း ဦးဝင်းမြင့် အနေဖြင့် အဂတိအမှု လေးမှုအပြင် ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ကိုးနှစ်နှင့် ခြောက်လ ကျခံခဲ့ရသူဖြစ်ပြီး လက်ရှိကျန်ရှိနေသော ပြစ်ဒဏ်များကို နိုင်ငံတော်သမ္မတက လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ (Photo – Htin Lin Oo
