
၁၇.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က လက်ဘနွန်နိုင်ငံသမ္မတ အေယွန်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုတို့နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာတော့ အစ္စရေးနဲ့ လက်ဘနွန်အကြား ဆယ်ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၁၆ ရက် ည ၉ နာရီမှစတင်ပြီး သဘောတူညီခဲ့တြတယ်လို့ သိရပါတယ်။
အီရန်က ထောက်ခံထားတဲ့ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကတော့ အပစ်အခတ်ရပ်စဲရေးအတွက် သူ့ရဲ့ကတိပြုမှုက အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမှုအပေါ်တည်နေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးနဲ့လက်ဘနွန်ကြား ယာယီအပစ်အခတ်ရပ်စဲမှုကိုကြိုဆိုခဲ့ပြီး ဒါက အီရန်နဲ့ အမေရိကန်အကြား ပြုလုပ်ခဲ့တဲ့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှုရဲ့ တစ်စိတ်တစ်ပိုင်းလို့ဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လက်ဘနွန်အစိုးရဘက်က ဟစ်ဇ်ဘိုလာတို့ရဲ့ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုမှန်သမျှကို တားဆီးသွားဖို့ ကတိပေးခဲ့အပြီး ဧပြီလ ၁၆ ရက်မှာ ယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့တာလို့ ကြေညာခဲ့ပါ်တယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အခုတစ်ခါ ယာယီအပစ်အခတ်ရပ်စဲရေးက လက်ဘနွန်နဲ့ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူက လက်ဘနွန်နိုင်ငံတောင်ပိုင်း နယ်စပ်တစ်လျှောက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂ မိုင်) ရှိ လုံခြုံရေးဇုန်ကို အစ္စရေးက ထိန်းသိမ်းထားမယ်လို့ လည်းပြောခဲ့ပါတယ်။
Ref- DW News
