





၁၇.၄.၂၀၂၆
Written by Nay Young
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်)တွင် ထုတ်ပြန်လိုက်သည့် အကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းသူများပြားလျက်ရှိကြောင်း သိရသည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၄,၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသဖြင့် ပြန်လည်လွတ်မြောက်လာမည့်သူများကို မိသားစုများက လာရောက် စောင့်ကြိုနေကြခြင်းလည်းဖြစ်သည်။
