
၁၆.၄.၂၀၂၆.
Translated by Htwe Ko Tun
ရုရှားနိုင်ငံဟာ ယူကရိန်းပြဿနာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးမှုတွေကို ကြိုဆိုပြီး ဆက်လက်လုပ်ဆောင်ဖို့ အသင့်ရှိနေဆဲဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရားဝင်ခရီးစဉ်အပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လက်ဗ်ရော့ဗ်က ရုရှားအစိုးရဟာ အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်၊ အန်ကောရေ့ဂျ် မြို့မှာ အမေရိကန်အစိုးရနဲ့ ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒီသဘောတူညီချက်ကို အတည်ပြုခဲ့တယ်လို့ အလေးထားပြောခဲ့ပါတယ်။ သူက သမ္မတပူတင် အနေနဲ့ ဒီရပ်တည်ချက်ကို အကြိမ်ကြိမ် ထပ်လောင်းအတည်ပြုခဲ့ပြီး ရုရှားနိုင်ငံဟာ အလက်စကာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အဆိုပြုချက် တွေကို ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့ လက်ခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဆိုလိုတာကတော့ ယူကရိန်းနိုင်ငံရဲ့ လက်တွေ့အခြေအနေကို တရားဝင်အသိအမှတ်ပြုမှုလို့ ဆိုရမှာပါ။ ဆာဂျီ လက်ဗ်ရော့ဗ်က ရုရှားက ယာယီသိမ်းပိုက်ထားတယ်လို့ ဖော်ပြခဲ့တဲ့ ခရိုင်းမီးယားနဲ့ ဒွန်ဘတ်စ်တို့လိုနယ်မြေတွေကို အသိအမှတ်ပြုဖို့ငြင်းပယ်တဲ့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်စကီးရဲ့ ကြေညာချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ဆိုရမှာပါ။ ဒီကြေညာချက်တွေက အန်ကောရေ့ဂျ်မှာ ဆွေးနွေးခဲ့မှုနဲ့လည်း ကွဲပြားနေတယ်လို့ လက်ဗ်ရော့ဗ်က ဆိုခဲ့ပါတယ်။
လက်ဗ်ရော့ဗ်က အဆိုပါလုပ်ငန်းစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က စတင်ခဲ့ကြောင်းနဲ့ ၂၀၂၅ ခုနှစ် အလက်စကာမှာကျင်းပတဲ့ အစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ အဆိုပြုချက်တွေကို ရုရှားအစိုးရက ကောင်းမွန်သော ယုံကြည်ချက်နဲ့ လက်ခံခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအမေရိကန်အစိုးရ လက်ထက်မှာ ရုရှားနဲ့အမေရိကန် ဆက်ဆံရေးက သမ္မတဟောင်း ဂျိုးဘိုင်ဒန် သမ္မတသက်တမ်းအတွင်းမှာလို တင်းမာမှုမရှိပေမယ့် သမ္မတထရမ့်ပ်ရဲ့အစိုးရဟာလည်း ဂျိုးဘိုင်ဒန်လက်ထက်မှာ ချမှတ်ခဲ့တဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ထိန်းသိမ်းထားပြီး တိုးချဲ့နေတယ်လို့ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက အန်ကောရေ့ဂျ်မှာကျင်းပတဲ့ အမေရိကန်နဲ့ ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ရုရှားအစိုးရက ဆက်လက်ကတိပြုထားတယ်လို့လည်း အလေးပေးပြောကြားခဲ့ပါတယ်။
လက်ဗ်ရော့ဗ်က ရုရှားအစိုးရဟာ ထိတွေ့ဆက်ဆံမှုကို ဘယ်သောအခါမှ မရှောင်လွှဲခဲ့ဘဲ သမ္မတ ဗလာဒီမာပူတင်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ရှိတာကို အဆက်မပြတ်ပြသခဲ့ပြီး ထိုကဲ့သို့သော ဆွေးနွေးမှုတွေက အဓိပ္ပာယ်အရှိဆုံးဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
Ref : Tass News
