


၉.၄.၂၀၂၆
Written by Nay Moe ၊ ThanDar
မနောမြေမှတေးသံသာ တေးသီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိဖူးတဲ့ တေးသံရှင် ဂျက်ဆန်ထွန်း@Lahtaw Zau Lum ဟာ ဦးနှောက်သွေးကြောပြတ်လို့ တရုတ်နိုင်ငံအထိ သွားကုပေမဲ့ မအောင်မြင်ဘဲ ဒီနေ့သေဆုံးသွားပါတယ်။
“ပထမ တစ်ပတ်က ဦးနှောက်သွေးကြောထိ ဆေးကုသခံယူနေတာပါ။ ဒီကနေ့မှ ကိုဂျက်@ဂျက်ဆန်ထွန်းဆုံးသွားတာပါ။ ကိုဂျက်ရေ ငြိမ်းချမ်းစွာ အနားယူပါတော့လို့ပြောချင်ပါတယ်” လို့ အဆိုတော် မရမ် ဆိုင်းနော်ကပြောပါတယ်။
ဂျက်ဆန်ထွန်းဟာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က ရေချိုးပြီး ဦးခေါင်းကို Hair Dryer နဲ့ အခြောက်ခံချိန် ဦးနှောက်သွေးကြောပြတ်ပြီး တစ်ပတ်ခန့်အကြာ တရုတ်နိုင်ငံမှာ ဦးခေါင်းခွဲစိတ် ဆေးကုသခံယူနေရင်း ကုသမရတော့တာကြောင့် မြန်မာနိုင်ငံဘက်ခြမ်းက သူနေထိုင်ရာ ကချင်လက်နက်ကိုင် KIA ဌာနချုပ် လိုင်ဇာမြို့ဆီ ပြန်သယ်လာအပြီး ဒီညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ သေသွားတာလို့လည်း သိရပါတယ်။ (Photo – Credit)
