၉. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက အဆိုပြုတင်သွင်းထားသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းများအား ကန့်ကွက်သူမရှိသောကြောင့် ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ဝန်ကြီးဌာန ၃၁ ခုတွင် ခန့်အပ်မည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား ဧပြီလ ၇ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပါ နိုင်ငံတော်သမ္မအဖြစ် ရွေးချယ်တင်မြောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းမှာ (၁) ဦးခင်မောင်ရီ (၂)ဦးအောင်ကျော်ဟိုး၊ (၃) ဦးတင်အောင်စန်း၊ (၄) ဦးမြထွန်းဦး၊ (၅) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ (၆) ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ (၇) ဦးတင်မောင်ဆွေ၊ (၈) ဒေါက်တာကံဇော်၊ (၉) ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ (၁၀) ဦးသန်းမောင်၊ (၁၁) ဒေါက်တာသီတာဦး၊ (၁၂) ဒေါက်တာချောချောစိန်၊ (၁၃) ဒေါက်တာမျိုးသိမ်းကျော်၊ (၁၄) ဒေါက်တာသက်ခိုင်ဝင်း၊ (၁၅) ဒေါက်တာသက်သက်ဇင်၊ (၁၆) ဦးထိန်လင်း၊ (၁၇) ဦးတင်ဦးလွင်၊ (၁၈) ဦးမင်းနောင်၊ (၁၉) ဦးမျိုးဇော်သိန်း၊ (၂၀) ဦးဆန်းဦး၊ (၂၁) ဦးကိုကိုလွင်၊ (၂၂) ဒေါက်တာချာလီသန်း၊ (၂၃) ဦးမြင့်ကြိုင်၊ (၂၄) ဦးခင်မောင်စိုး၊ (၂၅) ဦးထွန်းအုံ၊ (၂၆) ဦးရဲမြင့်ထွန်း၊ (၂၇) ဒေါက်တာမောင်သင်း၊ (၂၈) ဦးမျိုးသန့်၊ (၂၉) ဒေါက်တာစိုးဝင်း၊ (၃၀) ဦးမောင်မြင့်တို့ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ နှင့်အညီ ကြေညာကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
