၈.၄.၂၀၂၆
Written By Thandar
ဧပြီ ၇ ရက် ညပိုင်းက ရန်ကုန်မြို့ Wyndham Grand Hotel မှာကျင်းပခဲ့တဲ့ Mister Myanmar 2026 Grand Final ပွဲကြီးမှာ Winner ဆုနဲ့ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ပတ္တမြား Crown ကို ပုသိမ်ကိုယ်စားပြုအနေနဲ့ Yu Gan ရရှိခဲ့သလို နိုင်ငံကိုယ်စားပြုဆုရှင် ၃ ဦးရွေးချယ်ခဲ့ပါတယ်။
“ကျွန်တော် ‘Mister Myanmar Myeik 2026’ Winner ဆုကို ဆွတ်ခူးရရှိခဲ့ပါပြီ။ ဒီခရီးလမ်းတစ်လျှောက်လုံးမှာ ကျွန်တော့်ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုပြီး ဝန်းရံပေးကြတဲ့ Fan တစ်ယောက်ချင်းစီကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော် အားနည်းနေချိန်မှာ ခွန်အားပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ သင်ဆရာ/မြင်ဆရာတွေနဲ့ မိသားစုကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒီ Winner Title က ကျွန်တော့်အတွက် တာဝန်တစ်ခုကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။ ကျွန်တော့်မြို့၊ ကျွန်တော့်ဒေသအတွက် အကျိုးရှိမယ့် အလုပ်တွေကို အကောင်းဆုံး ပုံဖော်လုပ်ဆောင်သွားမှာမို့လို့ ဆက်လက်ပြီး အားပေးကြပါဦးခင်ဗျာ” လို့ Mister Eco Myanmar 2026 ဆုရှင် မြိတ်ကိုယ်စားပြု KV က ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲမှာ Mister Myanmar 2026 ပြိုင်ပွဲကြီးမှာ Winner ဆုကို ရရှိခဲ့ကြတဲ့ နိုင်ငံကိုယ်စားပြုအလှမောင် (၄)ဦးက Mister International Myanmar 2026 ကို ပုသိမ်ကိုယ်စားပြု အလှမောင် ယုဂံ၊ Man of the World Myanmar 2026 တာချီလိတ်ကိုယ်စားပြု အလှမောင် ဝီလျံရှိန်း၊ Mister Friendship Myanmar 2026 ကျောက်ဖြူကိုယ်စားပြု အလှမောင် မျိုးမင်းခန့်၊ Mister Eco Myanmar 2026 မြိတ်ကိုယ်စားပြု အလှမောင် KV တို့က ဆွတ်ခူးရရှိခဲ့ကြတာပါ။
Mister Myannar 2026 ပြိုင်ပွဲရဲ့ 1st Runnerup ဆုကို ကလောကိုယ်စားပြု အလှမောင် မင်းဘုန်းခန့်၊ Mister Myanmar 2026 ရဲ့ 2nd Runnerup ဆုကို စစ်တွေကိုယ်စားပြု အလှမောင် စိုးထက်ဝင်းတို့က ရရှိခဲ့တာဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ အလှမောင် ၄ ဦးဟာ ယခုနှစ်အတွင်း နိုင်ငံတကာ အလှမောင်ပြိုင်ပွဲကြီးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်သွားကြရမှာ ဖြစ်ပါတယ်။
ပုသိမ်ကိုယ်စားပြု အလှမောင် ယုဂံဟာ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ ပတ္တမြားသရဖူကို အိမ်ကို ယူဆောင်လာနိုင်ခဲ့ပြီး ယခုနှစ်နှောင်းပိုင်း ထိုင်းနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ Mister International ပြိုင်ပွဲမှာ “The Golden Land” ကို ကိုယ်စားပြုခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
#MisterInternationalMyanmar #YuGan
#ManoftheWorldMyanmar #WilliamShane
#MisterFriendshipMyanmar #MyoMinKhant
#MisterEcoMyanmar #KV
#SoeHtetWin #MinBhoneKhant









