၂၇. ၂. ၂၀၂၃
Written by Pan Ei

ဘောလိဝုဒ်မင်းသား Akshay Kumar ဟာ သုံးမိနစ်အတွင်း ပရိသတ် ၁၈၄ ဦးနဲ့ ဆယ်လ်ဖီး ၁၈၄ ပုံရိုက်ကူးပြီး ဆယ်လ်ဖီးအများဆုံးရိုက်ကူးနိုင်တဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတွေအရ သိရပါတယ်။

Forbes မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ ဝင်ငွေအကောင်းဆုံးမင်းသားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် မင်းသား Akshay Kumar ဟာ လက်ရှိမှာ ရုံတင်ပြသနေတဲ့ “Selfiee” လို့ ခေါ်တဲ့ သူရဲ့ ရုပ်ရှင်ကို ကြော်ငြာဖို့အတွက် ဂင်းနစ်စံချိန်တင်နိုင်အောင် ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

Akshay Kumar က မွန်ဘိုင်းမြို့မှာရှိတဲ့ မက်ဘုစတူဒီယိုမှာ သတ်မှတ်ချိန်အတွင်း ဓာတ်ပုံပေါင်း ၂၀၉ ပုံကို ရိုက်ယူခဲ့ပေမဲ့ ဓာတ်ပုံတချို့ကတော့ အရည်အချင်းမပြည့်မီတာကြောင့် ၁၈၄ ပုံနဲ့ပဲ စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။

အရင်က ဂင်းနစ်စံချိန်တင်ထားတဲ့ ဂျိမ်းစမစ်ဟာ ၂၀၁၈ ခုနှစ်မှာ သုံးမိနစ်အတွင်း ဆယ်လ်ဖီး ၁၆၈ ပုံ ရိုက်ခဲ့တာဖြစ်ပြီး ၂၀၁၅ တုန်းက The Rock လို့ လူသိများတဲ့ မင်းသား Dwayne Johnson က သုံးမိနစ်အတွင်း ဆယ်လ်ဖီးပုံပေါင်း ၁၀၅ ပုံ ရိုက်ခဲ့ပြီး စံချိန်တင်ခဲ့ဖူးပါတယ်။

Ref; New York Post

Leave a Reply

Your email address will not be published. Required fields are marked *