၆.၄.၂၀၂၆
Written By Thandar
မိုးကောင်းကင်ထုတ်လုပ်ရေးက အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “အလွှာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဧပြီ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီအလွှာဇာတ်ကားက ခြူးလေးက ဝင့်ဝါဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ တွေ့ရမှာပါ။ ဝင့်ဝါက ကာရိုက်တာလေးက အလွှာအသီးသီးတွေက တစ်လွှာတစ်ခုမှာ တွေ့ရမှာပါ။ ဒီနေ့ခေတ်ကောင်မလေး တစ်ယောက်ကိုမှ ဆုံးရှုံးရတာတွေများလို့ ဘဝကို အရွဲ့တိုက်နေတယ်။ အခွင့်အရေးရရင် ရသလို ကလဲ့စားပြန်ချေတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒီကားထဲမှာ အချစ်ခန်းတွေမပါတဲ့ကားလေးပါ။ ဟာသလည်း မပါဘူး။ တည်တည်ငြိမ်ငြိမ်လေး သရုပ်ဆောင်ထားပါတယ်။ မတူညီတဲ့ လူ့ဘောင်အလွှာအသီးသီးက ခံစားချက်တွေပါတာမို့ လာမယ့် နှစ်ဆန်းတစ်ရက်နေ့ ရုံတင်ရင် အားပေးကြပါလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ခြူးလေးကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း မိုးစက်ဝိုင်း၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ စိုးမိုးမင်းက လူဘောင် လောကက အလွှာအသီးသီးတွေရဲ့ ခံစားချက်တွေကို အကောင်းဆုံးပုံဖော်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ အကယ်ဒမီအေးချမ်းမောင်၊ ဟိန်းသီဟ၊ အကယ်ဒမီခြူးလေး၊ မေဂရေ့စ်၊ ထွန်းပုလဲရတနာ၊ ရဲရင့်စည်သူ၊ ဆန်းမင်းဟိန်းထွဋ်၊ နေဆန်း၊ စိုးမိုးကြည်၊ အက္ခရာ၊ ဝါဝါအောင်၊ ဇော်ဝင်းမောင်၊ နန်းရွှေအိမ် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“အလွှာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#Tyron #AyeChanMg #heinthiha #ChueLay #MayGrace #HtunPaLalYadanar
#အလွှာရုပ်ရှင်ဇာတ်ကားကြီး #TheLayer #MyanmarActor #MyanmarActress














