၂.၄.၂၀၂၆
Written By Thandar
Cloud Seven Productions & Entertainment က တင်ဆက်ပြသမယ့် “တန်ခူးလေနှင့်အတူ” ဇာတ်လမ်းတွဲမှာ တစ်ရွာထဲနေ တစ်ရေထဲသောက် ရွာကကောင်မလေးကို တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်လေးပုံစံ Chemistry မိအောင် ကြိုးစားသရုပ်ဆောင်ထားတယ်လို့ ဖွင့်ဟလာပါတယ်။
“ကျွန်တော်က မြို့မှာကျောင်းတက်ပြီး ရွာကိုပြန်လာတဲ့ ရွာသူကြီးသား သူရ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ တစ်ရွာထဲနေ တစ်ရေထဲသောက် အတူကြီးလာတဲ့ ရွာကသူငယ်ချင်းကောင်မလေးကို တစ်ဖက်သတ်ကြိုက်ရတဲ့ ကာရိုက်တာလေးပါ။ Chemistry မိအောင်အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အပြင်မှာလည်း သူငယ်ချင်းဆိုတော့လေ။ Mood တော့ မရရအောင်ထည့်ထားတယ်ဗျ။ သင်္ကြန် Mini Series’s လေးမို့ ပရိသတ်တွေ အကြိုက်တွေ့မှာပါ”လို့ သရုပ်ဆောင် မြတ်မင်းခန့်က MT Entertainment ကိုပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းကို Leon ye က ရေးသားပြီး ဒါရိုက်တာ Zilli က တန်ခူးလေပြေလေးနဲ့အတူ ခံစားချက်နူးညံ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အဂ္ဂ၊ လှိုင်ဘွား၊ သော်ဇင်ခန့်၊ မြတ်မင်းခန့်၊ စီလာဝင်း၊ Lemon ၊ နှင်းရွှေရည်ဝင်းစတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“တန်ခူးလေနှင့်အတူ” ဇာတ်လမ်းတွဲကို ယခုဧပြီလအတွင်း Cloud Seven YouTube Channel မှာ မကြာမီ စတင် ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။
#မြတ်မင်းခန့် #စီလာဝင်း #အဂ္ဂ #လှိုင်ဘွား #Lemon #MyatMinKhant #CloudSeven
#တန်ခူးလေနှင့်အတူ #MyanmarCele #CloudSevenProductionsand Entertainment



