သက်တံ့
၁. ၄. ၂၀၂၆
မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှု ကျားဖြန့် (Scam call center) တွေမှာ ပိတ်မိနေတဲ့ ရုရှားအမျိုးသမီးနှစ်ဦး လွတ်မြောက်လာပြီဖြစ်ပြီး နေရပ်ပြန်ပို့ဖို့အတွက် ထိုင်းနိုင်ငံကို လွှဲပြောင်းပေးသွားမယ်လို့ ရန်ကုန်မြို့ရှိ ရုရှားသံရုံးက TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ မြန်မာနိုင်ငံအတွင်းက ကျားဖြန့်စင်တာတွေမှာ တရားမဝင် ထိန်းသိမ်းခံထားရတဲ့ ရုရှားနိုင်ငံသား နှစ်ဦးကို လွတ်မြောက်အောင် ရုရှားဘက်က ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမျိုးသမီးနှစ်ဦးစလုံးဟာ သံရုံးဝန်ထမ်းတွေရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေပြီး ထိုင်းနိုင်ငံကို ပို့ဆောင်ဖို့ စောင့်ဆိုင်းနေပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ရုရှားနိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့အတွက် ဧပြီလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း TASS က သိရှိရပါတယ်။
TASS ရဲ့ တွက်ချက်မှုတွေအရ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ကျားဖြန့်စင်တာတွေကနေ လွတ်မြောက်လာတဲ့ ရုရှားနိုင်ငံသား စုစုပေါင်း ၇ ဦး ရှိပြီဖြစ်ပါတယ်။ ၎င်းတို့အနက် ၄ ဦးကို ထိုင်းအာဏာပိုင်တွေနဲ့ ဘန်ကောက်ရှိ ရုရှားသံရုံးတို့ရဲ့ အကူအညီနဲ့ နေရပ်ပြန်ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခြား ၂ ဦးကတော့ မြန်မာနိုင်ငံကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ခွာလာခဲ့ပေမဲ့ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်မှုကြောင့် ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းမှာ ပြည်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။ နောက်ထပ် ရုရှားအမျိုးသမီးတစ်ဦးကတော့ တရုတ်နိုင်ငံကတစ်ဆင့် နေရပ်ပြန်နိုင်ခဲ့ပါတယ်။
Ref : Tass
