၃၀. ၃. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောင်းလဲခန့်အပ်တာဝန်ပေးခြင်း အခမ်းအနားကို ယနေ့ မတ်လ (၃၀) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန်တွင် ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်သည်။
ယင်းကဲ့သို့ ပြောင်းလဲခန့်အပ်တာဝန်လွှဲရာတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချူပ်ကြီးကျော်စွာလင်းကို ခန့်အပ်သွားမည်ဖြစ်ပြီး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားများအစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် ယနေ့တွင် အမည်စာရင်းတင်သွင်းခဲ့သည်။



