နေမိုး
၁၉. ၃. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ရာပေါင်းများစွာ စံချိန်တင် အလင်းဝင်မှု အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
တပ်မတော်က NUG ဩဇာခံ PDF များကို အလင်းဝင်နိုင်ကြောင်း ဖိတ်ခေါ်ချိန်မှစ ယနေ့ အလင်းဝင်မှုသည် အများဆုံးဖြစ်ပြီး PDF ဦးရေ ၅၀၆ ဦး အလင်းဝင်ခဲ့ကာ တက်ရောက်သူဦးရေမှာ များပြားလွန်းသဖြင့် ခန်းမပင်မဆန့်၍ စစ်ရေးပြကွင်းတွင် ကျင်းပခဲ့ရကြောင်း သိရသည်။
အလင်းဝင်သူအများစုမှာ တပ်မတော်၏ ထိုးစစ်ကြောင့် ယာယီစိုးမိုးထားသောမြို့များမှ အရှုံးဖြင့် ဆုတ်ခွာပြေးနေရသည့် မန္တလေး PDF နှင့် မဟာမိတ်အဖွဲ့များဟုလည်း ကနဦးသိရပြီး အဆိုပါ PDF ၅၀၆ ဦးတွင် အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦးပါဝင်သည့်အပြင် လက်နက် ၇၀ ကျော်၊ ခဲယမ်း ၆၀၀၀ ကျော်ပါဝင်ခဲ့သဖြင့် ကျပ်သိန်း ရာပေါင်းများစွာ ဆုချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။
ယခင်ကလည်း PDF ထောင်ဂဏန်းအလင်းဝင်ထားသဖြင့် ယခုအလင်းဝင်မှုနှင့် တွက်ဆပါက PDF ၂၀၀၀ ဝန်းကျင် အလင်းဝင်လာခဲ့ပြီဖြစ်ပြီး NUG နှင့် PDF ထောက်ပို့များ၏ အလှူငွေခိုးယူကိုယ်ကျိုးသုံးမှုများ၊ တိုက်ပွဲအတွင်း အကျအဆုံးများမှုများ၊ PDF များကိုယ်တိုင် မုဒိမ်းကျင့်၊ လူသတ်မှုများစွာ ကျူးလွန်နေကြ၍ ယခင်ကဲ့သို့ ပြည်သူလှူဒါန်းထောက်ပံ့မှုမပြုကြတော့သဖြင့် ငတ်မွတ်ဒုက္ခရောက်နေကြပြီဖြစ်သော PDF အများအပြား အလင်းဝင်ရန်လည်း ကျန်ရှိနေကြောင်းနှင့် ထိုသို့ အလင်းဝင်သူများပြားလွန်းသဖြင့် PDF အဖွဲ့များကိုယ်တိုင် အလင်းမဝင်ရန် စာထုတ်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြရပြီဖြစ်ကြောင်း သိရသည်။
ပုံစာ။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ရာပေါင်းများစွာက လက်နက်ခဲယမ်းအများအပြားဖြင့် ယနေ့ အလင်းဝင်မှုမြင်ကွင်း (Photo – Credit)









