၁၉.၃.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ အနုပညာမှတ်တိုင်တွေများစွာ စိုက်ထူနိုင်ခဲ့တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ “One Lady Show Timeless Concert ပွဲမှာ ပရိသတ်အကြိုက်တွေ့စေမယ့် တေးသီချင်းအပုဒ် ၃၀ ကျော် ဖျော်ဖြေတင်ဆက်သွားမယ်လို့ ဆိုပါတယ်။
“ဝိုင်းစုရဲ့ One Lady Show Timeless Concert ပွဲမှာ Performance တွေကလည်း ဝိုင်းစု အမိုက်စားလုပ်ပေးမှာပါ။ ဝိုင်းစုရဲ့ သီချင်းတွေရော စင်ပိုင်းမှာလည်း ဘာမှကိုလျှော့မထားပါဘူး။ ဒီဖျော်ဖြေပွဲမှာ အရင်လုပ်နေကြ ပွဲပုံစံတွေ မတူဘူး။ ပွဲ စလယ်ဆုံး အကောင်းဆုံး လုပ်ထားပါတယ်။ အဓိက အချိန်ကအရမ်းမရှိပေမယ့် အရမ်းကြိုးစားထားပါတယ်။ ဝိုင်းစု အားလုံးကြိုက်မယ့် သီချင်းတွေလည်း ဆိုမှာပါ။ A@Aငြိမ်းဖြူနဲ့လည်း ဘယ်လို အမိုက်စားထွက်လာမလဲဆိုတာ ကြည့်ပေးကြပါဦးနော်။ ဝိုင်းစုရဲ့ ဖျော်ဖြေပွဲကို ည ၇ နာရီအတိ စ,မှာမို့ အစောလေးလာပေးကြပါလို့။ Show Time အမီလာဖို့ ပြောချင်ပါတယ်”လို့ အဆိုတော် ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Guest Artists တွေအနေနဲ့ အဆိုတော်တွေဖြစ်တဲ့ ဟဲလေး၊ သားသား၊ နေဝင်း၊ ဖြိုးလေး၊ အလင်းရောင်၊ နန်းဆုရတီစိုး၊ A ငြိမ်းဖြူ၊ မေ စတဲ့သူတွေ ပါဝင်ဖျော်ဖြေကြမှာလည်းဖြစ်ပါတယ်။
ဝိုင်းစုခိုင်သိန်းကတော့ တေးသီချင်း အပုဒ်ရေ ၃၀ ကျော် Performance ပိုင်းတွေနဲ့ ချိတ်ဆက် သီဆိုဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။
ဝိုင်းစုခိုင်သိန်းရဲ့ One Lady Show ဧပြီ ၃ ရက် ညနေ ၅ နာရီမှာ Door Open စတင်ပြီး ည ၇ နာရီမှာ Show Time ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Event Park မှာ ပရိသတ်အသည်းစွဲ နာမည်ကြီး သီချင်းပေါင်းများစွာကို Live Band ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။
#ဝိုင်းစုခိုင်သိန်း #EasternYangonEventPark
TIMELESS #OneLadyShow #WyneSuKhineThein #April3 #WineSuKhineThein







