နေမိုး
၁၂. ၃. ၂၀၂၆
PDF များ ရမ်းသမ်းပစ်ခတ်သည့်ကျည်က ဘုန်းကြီးကျောင်းရှေ့ရှိနေသည့်အမျိုးသားကို ထိမှန်ရာမှ ကျည်ထိမှန်သွားသည့် အမျိုးသား ပွဲချင်းပြီးသေဆုံးမှု သရက်ချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မတ် ၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ ဦးခင်ဦး (၄၇) နှစ်သည် အဆိုပါရပ်ကွက်ရှိ ဘုန်းကြီးကျောင်းရှေ့၌ ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ပြည်သူများအကြား ကြောက်ရွံ့မှုပိုလာစေရန် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
