




၁၁.၃.၂၀၂၆
Written By Thandar
ရတနာအောင်ရုပ်ရှင်ထုတ်လုပ်ရေးက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ “တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင်ဇာတ်ကားကြီး Permier Show ပွဲ အခမ်းအနားကို ယနေ့ မတ်လ ၁၁ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီစင်တာမှာ ကျင်းပခဲ့ပါတယ်။
“တိမ်ပင်လယ်ခရီးကြမ်း@တောင်ခမ်းကားမှာ မြကတော့ ဓနုမလေးချောချောအေးကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ကိုခန့်ကျော်@နက္ခတ်ရဲ့ ကောင်မလေးနေရာကပါ။ တကယ့်ကို တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာမှာ ရိုက်ကူးခဲ့တာမို့ ခက်ခက်ခဲခဲကို ရိုက်ကူးခဲ့ရပါတယ်။ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ ခက်ခက်ခဲခဲ ခရီးလမ်းမှာ သရုပ်ဆောင်ထားတဲ့ တစ်ကားလုံးက ကြည့်လို့ကောင်းမယ့် ကားပါ”လို့ သရုပ်ဆောင်မြယာက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လင်းထင်မောင်မောင်နဲ့ တိုက်ပွဲဝင်စစ်သည်များရေးသားပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာအနေနဲ့ အကယ်ဒမီ တင်အောင်စိုး(ပန်းမြို့တော်)တို့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်ခမ်းကမ္ဘောဇဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ နက္ခတ်၊ ထူးခန့်ကျော်၊ အောင်ကျော်ထွန်း၊ နေနော်၊ နေလင်းရှိန်၊ စိုးသီဟ၊ နက်ရှိုင်းကို၊ ပိုင်အုပ်စိုးအောင်၊ ခိုင်ဇော်၊ ဉာဏ၊ မြယာ၊ မြနန္ဒာ၊ လင်္ကာညို၊ ရဲရင့်၊ ထက်အောင်ခန့်၊ အောင်ဇင်ဖြိုး၊ မင်းဘုဏ်းစတဲ့သူတွေနဲ့ တိုက်ပွဲဝင်အရာရှိစစ်သည်တွေပါဝင်ထားကြပါတယ်။
“တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင်ဇာတ်ကားကို လာမယ့် မေလ ၁၃ ရက်နေ့မှာ မြတ်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသကြမှာဖြစ်ပါတယ်။
