၅.၃.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေအနီးတွင် နိုင်ငံခြားခရီးသွားတစ်ဦးနောက်သို့ လိင်ပြောင်းလဲထားသော အမျိုးသမီးနှစ်ဦးက လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အဝတ်ဗလာဖြင့် ပြေးလွှားလိုက်ကာ ဆဲရေး ငွေတောင်းခံနေသည်ကို မတ်လ ၅ ရက် နံနက်အစောပိုင်းက တွေ့ရှိခဲ့ကြရသည်။
မျက်မြင်တွေ့ရှိသူများ၏ပြောကြားချက်များအရ ၎င်းတို့နှစ်ဦးက အုတ်ခဲတစ်ချပ်ကိုင်ဆောင်ကာ အိန္ဒိယ ခရီးသွားကို ခြိမ်းခြောက်ပြီး ငွေတောင်းခံနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းဖြစ်ရပ်ကြောင့် လမ်းသွားလမ်းလာများ အံ့အားသင့်ထိတ်လန်ခဲ့ရပြီး မျက်မြင်တွေ့ရှိသူတစ်ဦးကမူ ပဋိပက္ခ၏ အစိတ် အပိုင်းတချို့ကို ဗီဒီယို ရိုက်ကူးထားနိုင်ခဲ့သည်။
အသက် ၅၉ နှစ်ရှိ ပတ္တရားမြို့စည်ပင်သာယာ အရာရှိ အနုချာ ကော့မတ်က လိင်လုပ်သားနှစ်ဦးသည် အိန္ဒိယခရီးသွားတစ်ဦးနောက်သို့ လိုက်လံကာ ထိုသူက ၎င်းတို့အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟု အော်ဟစ်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ မစ္စတာ အနုချာက ဖြစ်ရပ်သို့ ချက်ချင်းရောက်ရှိလာပြီး အနီးနားရှိ စီးပွားရေးလုပ်ငန်းရှင်များထံ အမျိုးသမီးများ၏ ခန္ဓာကိုယ်များကို ဖုံးအုပ်ပေးရန် မျက်နှာသုတ်ပုဝါများ တောင်းခံခဲ့သည်။
ထို့နောက် အနုချာနှင့် အနီးနားရှိလူအချို့က ပဋိပက္ခဖြစ်ပွားနေရမှုကို ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုများ မဖြစ်စေရန် ဝင်ရောက်စွက်ဖက်ကာကွယ်ပေးခဲ့ကြသည်။ နောက်ဆုံးတွင် ညှိနှိုင်းမှုအပြီး အခြေအနေ ပြေလည်သွားခဲ့ပြီး ခရီးသွားက အဆိုပါ လိင်ပြောင်းအမျိုးသမီးနှစ်ဦးကို ဘတ် ၁၀၀၀ စီ ပေးဆောင်ရန် သဘောတူခဲ့ပြီး နှစ်ဖက်စလုံး လမ်းခွဲထွက်ခွာသွားခဲ့ကြဆေကြာင်း သိရသည်။
အစပထမ၌ မည်သည့်ဘက်ကမျှ တရားစွဲဆိုရန် သို့မဟုတ် တိုင်ကြားရန် မလိုလားကြောင်းပြောခဲ့ကြသည်။ သို့သော် အာဏာပိုင်များက ယင်းဖြစ်ရပ်သည် ထိုင်းနိုင်ငံ၏ ခရီးသွားမြို့တော်တစ်ခုဖြစ်သည့် ပတ္တရားမြို့၏ပုံရိပ်ကို ထိခိုက်စေခဲ့သည်ဟု ပြောကြားခဲ့ကြသည်။
Ref-Bangkok Post
