၂.၃.၂၀၂၆
Written By Thandar
ကျွန်မ တေးသီချင်းနဲ့ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ အဆိုတော် ကေကေမိုးက တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းဖြစ်တဲ့ “ရင်ထဲကမြို့မ”သီချင်းကို ပြန်လည်သီဆိုခဲ့ရာ ပရိသတ်က ချစ်တဲ့စိတ်နဲ့ကြည့်ရှုပေးတာ 1 Million Views ကျော်သွားလို့ပျော်ရပါတယ်လို့ ဆိုပါတယ်။
“ကေကေ သင်္ကြန်သီချင်းလေးတွေ မလုပ်ဖြစ်တာလည်း ကြာပြီပေါ့နော်။ ခု “ရင်ထဲကမြို့မ” သီချင်းလေးက သုံးရက်အတွင်း 1 Million Views ပြည့်ခဲ့ပါပြီရှင်။ ဒီသီချင်းလေးရဲ့တေးရေး ဆရာဇော်မင်းလေးနဲ့ မူရင်းသီဆိုသူတွေကိုလည်း ကေကေက တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင့်။ ဒီသီချင်းလေးဖြစ်လာဖို ကေကေ့ကို ချစ်တဲ့စိတ်နဲ့ ပါဝင်ကူညီပေးကြတဲ့သူတွေအားလုံး အယောက်ချင်းစီတိုင်းကို ကေကေ့ရင်ထဲက တကယ် ကျေးဇူးတင်ပါတယ်ရှင်။ နောက် ကေကေ့မှာ လိုအပ်တာလေးတွေကိုလည်း ချစ်တဲ့စိတ်နဲ့ နားလည်ပေးတဲ့ ပရိသတ် အယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ ဒီနှစ်သင်္ကြန်မှာ မာစေသာစေ တောင်းဆုခြွေပါရစေ”လို့ အဆိုတော် ကေကေမိုးက ပြောပါတယ်။
အဆိုပါ တေးသီချင်းကို တေးရေး ဇော်မင်းလေးရေးသားပေးထားတာဖြစ်ပြီး တေးဂီတအနေနဲ့ ဒေးလီးဂီတက တီးခတ်ပေးထားကာ ဒါရိုက်တာ ခီဏက တစ်ချိန်ကခေတ်စားတဲ့ Live Show ပုံစံလေးရိုက်ကူးပုံဖော် ပေးခဲ့တာလည်းဖြစ်ပါတယ်။
“ရင်ထဲကမြို့မ”တေးသီချင်းကို ဖေဖော်ဝါရီ ၂၇ ရက်က စတင်ပြီး Kay Kay Moe Page , Social Platform တွေမှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။
“ဒီသီချင်းလေးက Cover ပြန်ဆိုထားတာပါ။ အဆိုရော အကရော ကလေးဘဝထဲက MRTV မှာ ကြည့်ဖြစ်ခဲ့တဲ့ ခါသင်္ကြန်ဆိုတော့လေ ပရိသတ် အကြိုက်တွေ့ပါ့မလား စိုးရိမ်ခဲ့ပေမယ် အားပေးကြလို့ ပီတိဖြစ်ရပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
