






၁၂.၂.၂၀၂၆
Written by Nay Yaung Lin
၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့ ရင်ပြင်တွင် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့ရာ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ဦးစွာကျင်းပခဲ့ကြောင်း သိရသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားတွင် အလံတင်တပ်စုက စစ်ရေးပြလမ်းလျှောက်ကာ နိုင်ငံတော်အလံကိုသယ်ဆောင်ပြီး ပြည်ထောင်စုတိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်ခဲ့သည်။
ထို့နောက် နံနက် ၇ နာရီတွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
