၁၀.၂.၂၀၂၆
Written by Thiri
၂၀၂၅ ခုနှစ်အတွက် အကယ်ဒမီဆုရရှိခဲ့တဲ့ ဇာတ်ကားတွေကို ဖေဖော်ဝါရီလ ၁၃ ရက်က စပြီး ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ Star Cinema အဆင့်မြင့်ရုပ်ရှင်ရုံမှာ စုစည်းပြသသွားမယ်လို့ မြဝတီနေ့စဉ် သတင်းစာကနေ အသိပေးထားပါတယ်။
မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ “၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်” အတွင်း ၂၀၂၅ ခုနှစ်အတွက် ထူးချွန်ဆု ဆွတ်ခူးရရှိထားတဲ့ ဇာတ်ကား ၈ ကားဖြစ်တဲ့ နှင်းပွင့်စေရာ၊ မြေစာ၊ ဗြောသံ၊ မြို့ပြထဲကလမ်းမ၊ မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်၊ မောင့်မိဖုရား၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ နတ်ဝင်သည်တို့ကို ပြသသွားမှာဖြစ်ပါတယ်။
ဇာတ်ကားတစ်ကားကို ၂ ရက်စီ ပြသပေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃/၁၄ ရက်မှာ နှင်းပွင့်စေရာ၊ ၁၅/၁၆ ရက်မှာ မြေစာ၊ ၁၇/၁၈ ရက်မှာ ဗြောသံ၊ ၁၉/၂၀ ရက်မှာ မြို့ပြထဲကလမ်းမ၊ ၂၁/၂၂ ရက်မှာ မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်၊ ၂၃/၂၄ ရက်မှာ မောင့်မိဖုရား၊ ၂၅/၂၆ ရက်မှာ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ၂၇/၂၈ ရက်မှာ နတ်ဝင်သည်တို့ကို ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အကယ်ဒမီဇာတ်ကားတွေပြသမယ့် (မြဝတီစင်တာ) Star Cinema အဆင့်မြင့်ရုပ်ရှင်ရုံလိပ်စာက အမှတ် ၁၅၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်မှာရှိပြီး ရုပ်ရှင်ကို နေ့စဉ် တစ်ရက်ကို နှစ်ချိန် (နံနက် ၁၀ နာရီနဲ့ ညနေ ၆ နာရီ) ပြသသွားမှာလို့ သိရပါတယ်။







