၃. ၂. ၂၀၂၆
Written by Nyein Kyaw
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရွှိုင်းဂူတို့ တွေ့ဆုံ၍ အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများကို တန်ပြန်ခြင်းအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် လုံခြုံရေးကောင်စီများ၊ အထူးတပ်ဖွဲ့များနှင့် တရားဥပဒေစိုးမိုးရေး အေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးအပါအဝင် သတင်းအချက်အလက် လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ထို့ပြင် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများကို တန်ပြန်ခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးကူညီပေးခြင်းဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
