ပုံစာ။ ဒူဝါလရှီးလ လုပ်ကြံခံရကြောင်း ဖြန့်ဝေမှု၊ MT News က မေးမြန်းထားမှုနှင့် ဒူဝါလရှီးလပါဝင်ကြောင်း သတင်းထုတ်ပြန်သော်လည်း ရုပ်ပုံမပါသည့် အစည်းအဝေးပုံရိပ်။
နေမိုး
၂၉. ၁. ၂၀၂၆
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလကို KIA ဩဇာခံ KPDF က လုပ်ကြံလိုက်သည်ဟု ယမန်နေ့ကတည်းက သတင်းထွက်ပေါ်နေသော်လည်း NUG နှင့် NUG ထောက်ခံသည့် ပြည်ပရောက် မီဒီယာများကမူ ယနေ့အထိ ထိုသတင်းများအမှားဖြစ်ကြောင်း တုံ့ပြန်ဖြေရှင်းမှုမရှိသေးပေ။
ဒူဝါလရှီးလကို လုပ်ကြံမှုနှင့် စပ်လျဥ်းပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ လိုင်ဇာဟိုတယ်ဘက်တွင် KPDF ၁၅ ဦးခန့်က NUG သမ္မတ ဒူဝါလရှီးလနှင့် အဖွဲ့ဝင် ၉ ဦးလိုက်ပါလာသည့် ကားနှစ်စီးကို ပစ်ခတ်ရာ ဒုတိယကားပေါ်မှ ၅ ဦးသေဆုံးပြီး ဒူဝါလရှီးလစီးလာသည့် ပထမကားပေါ်မှ လေးဦးဒဏ်ရာရရှိပြီး ဒူဝါလရှီးလမှာ ညာပေါင်သေနတ်ထိမှန်ထားကာ လိုင်ဇာဆေးရုံတွင် ကုသနေကြောင်း၊ လက်ရှိတွင် အဆိုပါ KPDF ၁၀ ဦးအား KIA မှဖမ်းဆီးစစ်ဆေးနေပြီး ကျန် ၅ ဦး လွတ်မြောတ်နေဆဲဖြစ်ကြောင်း လူမှုကွန်ရက်မျိုးစုံတွင် ဖြန့်ဝေနေကြသော်လည်း NUG၊ KIA နှင့် အဆိုပါလက်နက်ကိုင်တို့ကို ထောက်ခံသည့် မီဒီယာများက ယနေ့အထိ သတင်းမှားဖြစ်ကြောင်းဖြေရှင်းလာခြင်းမရှိသေးချေ။
ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က NUG နှင့် မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ အွန်လိုင်းမှ ဆွေးနွေးသည်ဟု ထုတ်ပြန်ရာတွင် ဒူဝါလရှီးလ ပါဝင်သည်ဟု သတင်းက ဖော်ပြသော်လည်း ရုပ်ပုံတွင်မူ ဒူဝါလရှီးလ မပါဝင်ပေ။
MT News သတင်းဌာနအနေဖြင့် NUG ၏ သမ္မတရုံး Page နှင့် ဒူဝါလရှီးလ၏ Page သို့ ဒူဝါလရှီးလလုပ်ကြံခံရမှု မှန်မမှန်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေရှင်း Seen ပြခြင်းမရှိချေ။
ပုံစာ။ ဒူဝါလရှီးလ လုပ်ကြံခံရကြောင်း ဖြန့်ဝေမှု၊ MT News က မေးမြန်းထားမှုနှင့် ဒူဝါလရှီးလပါဝင်ကြောင်း သတင်းထုတ်ပြန်သော်လည်း ရုပ်ပုံမပါသည့် အစည်းအဝေးပုံရိပ်။





