၂၉.၁.၂၀၂၆
Written By Thandar
Taurus V Production က လူတန်းစားနှစ်ခုကို ပုံဖော်ထားတဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ “ပဲ့တင်သံ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ပဲ့တင်သံမှာ ဟန်နာအနေနဲ့ တစ်စိတ်တစ်ပိုင်းပါဝင်ထားပါတယ်။ ဒီကားမှာ ဟန်နာရယ်၊ ကိုဟန်နရီစံရယ် တခြားဧည့်သည်သရုပ်ဆောင်တွေလည်း ပါပါတယ်။ ဟန်နာတို့က အလွှာနှစ်လွှာထဲက တစ်လွှာအနေတဲ့ပါဝင်ထားပါတယ်။ ဟန်နာတို့က ချမ်းသာတဲ့ အထက်တန်းအလွှာက ပါထားတာပါ။ ဇာတ်ကားအဆုံးအထိ ကြည့်ရင် စိတ်မကောင်းဖြစ်စရာလေးတွေလည်းပါပါတယ်။ ပရိသတ်တွေ ရုံတင်ရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဟန်နာက ပြောပါတယ်။
အဆိုပါဇာတ်ကားကို ၀တ္ထု မစန္ဒာ၊ ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ ကောင်းဇံက ရိုက်ကူးပြီး သရုပ်ဆောင် အေးချမ်းမောင်၊ မင်းဦး၊ တေဇလင်းရောင်၊ ဟင်နရီစံ မေမီကိုကို၊ မျိုးသန္တာထွန်း၊ ဟန်နာ စတဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။
“ပဲ့တင်သံ” ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် ဇန်နဝါရီလ ၃၀ ရက်က စတင်ပြီး မြန်မာတစ်ပြည်လုံး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
#အေးချမ်းမောင် #AyeChanMaung #မင်းဦး #MinOo #Hanna #တေဇလင်းရောင် #tayzalinnyaung #မေမီကိုကို #MayMiKoKo #မျိုးသန္တာထွန်း #myothandarhtun
#ပဲ့တင်သံရုပ်ရှင်ဇာတ်ကားကြီး #TaurusVProduction









