၂၆.၁.၂၀၂၆.
Translated by Htwe Ko Tun
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ နော်ဝေဝန်ကြီးချုပ် ဂျိုးနပ်စ်ဂါးစတိုးတို့က အမေရိကန် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့အမေရိကန်မဟုတ်တဲ့ နေတိုးတပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်မှာ ရှေ့တန်းစစ် မျက်နှာကို ရှောင်တိမ်းနေကြတယ်လို့ ပြောကြားခဲ့တဲ့ မှတ်ချက်တွေအပေါ် ဝေဖန်ခဲ့ကြပါတယ်။
ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ မယ်လိုနီက ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် နေတိုး ဟာ အမေရိကန်ပြည်ထောင်စုနဲ့ စည်းလုံးညီညွတ်မှုရှိတာကို ပြသတဲ့အနေနဲ့သူ့ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်နဲ့ တစ်ခါတည်းသောအကြိမ်အဖြစ် အပိုဒ်ခွဲ ၅ ကို အသက်သွင်းခဲ့တယ်လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ကြေညာချက် မှာ “အီတလီဟာ သူ့ရဲ့မဟာမိတ်တွေနဲ့အတူ စစ်ဘက်ဝန်ထမ်းထောင်ပေါင်းများစွာကို ဖြန့်ကျက်ပြီး နိုင်ငံတကာမစ်ရှင်တစ်ခုလုံးရဲ့ အရေးအကြီးဆုံး စစ်ဆင်ရေးနယ်ပယ်တွေထဲမှ တစ်ခုဖြစ်တဲ့ အနောက်ပိုင်းစစ်ဒေသတိုင်းကွပ်ကဲရေးဌာနအတွက် အပြည့်အဝတာဝန်ယူခဲ့တယ်” လို့ ဖော်ပြခဲ့ပါတယ်။


မယ်လိုနီက အီတလီဟာ မေးခွန်းထုတ်စရာမလိုတဲ့ ပေးဆပ်စွန့်လွှတ်ရမှုကိုပြုခဲ့ပြီး အာဖဂန်နစ္စတန်မှာ နှစ် ၂၀ နီးပါးကြာ တိုက်ခိုက်ရေးတွေ၊ စစ်ဆင်ရေးတွေ လုံခြုံရေးတာဝန်တွေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ စစ်သား ၅၃ ဦး သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ်နဲ့ နော်ဝေဝန်ကြီးချုပ်တို့က အာဖဂန်နစ္စတန်မှာ နေတိုးနိုင်ငံတွေက ပံ့ပိုးကူညီမှုကို လျှော့ချတယ်ဆိုတဲ့ ဖော်ပြချက်တွေဟာ အထူးသဖြင့် မဟာမိတ်နိုင်ငံတစ်ခုခုမှ လာတဲ့အခါ လက်မခံနိုင်စရာဖြစ်ရတယ်လို့ ပြောခဲ့ကြပါတယ်။
နော်ဝေဝန်ကြီးချုပ်ဂျိုးနပ်စ်ဂါးစတိုးက ထရမ့်ပ်ရဲ့ မှတ်ချက်တွေက မလေးမစားပြုခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
စတိုးက “ကျဆုံးသွားသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ရသူတွေအတွက် အမှန်တရာနဲ့ လေးစားမှုနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တန်ပါတယ်” လို့ Facebook မှာ တင်ခဲ့တဲ့ ကြေညာချက်မှာ ရေးသားခဲ့ပါတယ်။ သူက “အမေရိကန်သမ္မတရဲ့ ကြေညာချက်က မလေးမစားပြုတာဖြစ်တယ်။ စစ်မှုထမ်းဟောင်းတွေနဲ့ ဆွေမျိုးတွေ နှစ်ဖက်စလုံးက ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်ကြမယ်လို့ ကျွန်တော်နားလည်တယ်” လို့ ဆိုခဲ့ပါတယ်။
ထရမ့်ပ် က Fox Business သတင်းဌာနကို အမေရိကန်ပြည်ထောင်စုသည် အာဖဂန်နစ္စတန် စစ်ပွဲ အတွင်း အမေရိကန်မဟုတ်တဲ့ စစ်သားတွေကို ဘယ်သောအခါမှ မလိုအပ်ခဲ့ဘူးလို့ ပြောခဲ့တာပါ။
Ref- Xinhua
