
သက်တံ့
၂၆ . ၁. ၂၀၂၆
မဲမသမာမှုကျူးလွန်တာကြောင့် ဖြုတ်ချခံခဲ့ရတဲ့ NLD အစိုးရဟောင်း လက်ထက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးတာဝန်နဲ့ ဦးဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေးဟာ ဒီနေ့ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
“အကိုအကြီးဆုံး Dr. ဦးမြင့်ထွေးသည်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံတွင်၊ ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် ညနေ ၅:၄၃ နာရီတွင်၊ ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း ဆွေမျိုးမိတ်ဆွေသင်္ဂဟများကိုသိစေအပ်ပါသည်။(သတ်ပုံမူရင်း)”လို့ ဒေါက်တာမြင့်ထွေးရဲ့ညီဖြစ်သူက အသိပေးထားပါတယ်။
ဒေါက်တာမြင့်ထွေးဟာ သေဆုံးချိန်မှာ အသက် ၇၇ နှစ် အရွယ်ဖြစ်ပါတယ်။ သူဟာ မဲမသမာမှုကြောင့် NLD အစိုးရဖြုတ်ချခံရအပြီး သုံးရက်အကြာမှာ ရာထူးကနုတ်ထွက်ကြောင်းကြေညာပြီး ထိုင်းနိုင်ငံမှာနေထိုင်ခဲ့တယ်လို့ သိရပါတယ်။
