၂၆.၁.၂၀၂၆
Written By Thandar
Film River Production က စီစဉ်ရိုက်ကူးမယ့် Suspense ဇာတ်လမ်းပုံစံ “အပြစ်မဲ့ နှလုံးသား” (The Chefs Secret) ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရယ် မေမီတို့ နှစ်ယောက်လုံးအတွက် တစ်ခါမှသရုပ်မဆောင်ဖူးသေးတဲ့ Chef တွေရဲ့ကာရိုက်တာလည်းဖြစ်တယ်။ ပြင်သစ်စကားပြောလေးတွေရော Chef တွေရဲ့ စကားအခေါ်အဝေါ် တွေလည်းပါတော့ နည်းနည်းခက်ခဲတယ်။ ဒီကားက မြန်မာပရိသတ်တွေ ရှေ့မှာလည်း အလောင်တွေ ကြည့်နေရတာမို့ မတူညီတဲ့ ကာရိုက်တာတွေ ရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။ Suspense ဇာတ်လမ်းပုံစံလေးကိုမှ ရသတွေလည်း မတူညီနိုင်အောင် ဖန်တီးကြမယ်လို့ သိရပါတယ်”လို့ သရုပ်ဆောင် နေထွဋ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဟေမာန်ဟိဏ်း၊ ဇာတ်ညွှန်း ဟေမာန်ဟိဏ်းနဲ့ ချမ်း၊ AD ကိုတင်မောင်၊ DOP အောင်ဘုန်းကျော်၊ ဒါရိုက်တာ ပြည့်ဖြိုးဟန် (PD)က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ နေထွဋ်၊ နေထက်လင်း၊ မေမီကိုကို၊ ပက်စီ၊ ချယ်ချယ်၊ မင်းသူ၊ ဒေါင်းဝေ၊ သက်ထက်၊ မိုးကောင်းကင်၊ ကိုဟိန်း၊ အေးအေးအောင်၊ မဇင်နဲ့ ကလေးသရုပ်ဆောင် ဘုန်းမြင့်မြတ်၊ ရွှန်းပြည့်ဝတီနိုင်၊ ငွေအဆင်းကိုကို စတဲ့အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။
“အပြစ်မဲ့ နှလုံးသား” (The chefs secret) ဇာတ်လမ်းတွဲကို ဇန်နဝါရီလအတွင်း စတင်ရိုက်ကူးပြီး မကြာခင်
Show Like က ထုတ်လွှင့်ပြသပေးမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
#နေထွဋ် #မေမီကိုကို #နေထက်လင်း #NayHtut #MayMiKoKo #NayHtetLin #အပြစ်မဲ့နှလုံးသား
#TheChefsSecret
#ပြည့်ဖြိုးဟန် #ဟေမာစန်း









