




၁၉.၁.၂၀၂၆
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဘေး၊ နှင်းဆီလမ်း၌ ယနေ့နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် ပြင်းထန်သည့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ရသည့် အကြောင်းအရင်းကို ကနဦး မသိရှိရသေးသော်လည်း မီးလောင်မှုဖြစ်ပွားသည့်နေရာမှာ ပိတ်စနှင့် အထည်လိပ်အရောင်းဆိုင်ဖြစ်ကြောင်း သိရသည်။





မင်္ဂလာတောင်ညွန့်မြို့နယ်နှင် နီးစပ်ရာ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့နှင့် မီးသတ်ကား ၁၀ စီးခန့် မီးငြှိမ်းသတ်သည့်တိုင် လက်ရှိ (နေ့လယ် ၁၁ နာရီ ၁၀ မိနစ်အထိ) မီးအရှိန်ကောင်းစွာ လောင်ကျွမ်းနေဆဲဖြစ်သည်။
