
၁၇. ၁. ၂၀၆
Written by Nyein Kyaw
နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်တွင်လည်း သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း ထုတ်ရောင်းပေးထားသည်။ ပြည်တွင်း၌ အဓိကလိုအပ်သည့် စက်သုံးဆီများ တင်သွင်းနေသည့် လုပ်ငန်းရှင်များအတွက်လည်း ဒေါ်လာများ ပုံမှန်ထုတ်ရောင်းပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ် ကိုးလကျော်အတွင်း ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၄,၁၀၀ ဝန်းကျင်၊ ထိုင်းဘတ် ၁၃၀ ကျပ်နှင့် တရုတ်ယွမ် ၅၈၉ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။ သို့သော် ဗဟိုဘဏ်အနေဖြင့် Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေများ ရောင်းချပေးရာတွင် တစ်ဒေါ်လာ ၃,၆၅၀ ကျပ်၊ ထိုင်းဘတ် ၁၂၅ ကျပ်နှင့် တရုတ်ယွမ် ၅၅၇ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။
