၂၁. ၂. ၂၀၂၃
Written by Naing Thuta

ထိုးမုန့်ဘူး ၇ ဘူးအတွင်း ထည့်ထားသော ငွေစက္ကူငါးထောင်တန်အတု သိန်း ၅၀ နှင့်အတူ အမျိုးသား ၁ ဦးအား ရွှေပြည်သစ်ခရီးသည်ယာဉ်ပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီကျော်က ငဖဲမြို့နယ်၊ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသည့် “ရွှေပြည်သစ်” ခရီးသည်မော်တော်ယာဉ်အား မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြရာ ထိုင်ခုံအထက်ရှိ စင်ပေါ်တွင် အဖြူရောင်ကြွပ်ကြွပ်အိတ်ထဲထည့်ထားသည့် ထိုးမုန့် ၇ ဘူးထဲမှ ငွေစက္ကူငါးထောင်တန်အတု သိန်း ၅၀ ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယင်းငွေစက္ကူအတုများကို သယ်ဆောင်လာသူမှာ အသက် ၄၀ ဝန်းကျင်ခန့်ရှိသည့် အမျိုးသားဖြစ်ပြီး ထိုအမျိုးသားအား ဗဟိုဘဏ်ဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများအရ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *