၂၁. ၂. ၂၀၂၃
Written by Nay Moe
အမေရိကန်နိုင်ငံ အင်ဒီယန်းနားပြည်နယ် အင်ဒီယန်းပေါ်လစ်မြို့တွင် ကျင်းပသည့် ၇၅ ကြိမ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသား၊ ချင်းအမျိုးသမီးများ နပမ်းလုံးသတ်ပုတ်နေသည့်ရုပ်သံ ပေါ်ထွက်လာခဲ့သည်။
အဆိုပါပွဲတော်သို့ NUG ဝန်ကြီးဒေါက်တာဆာဆာက အဝေးရောက်မိန့်ခွန်းပြောခဲ့သလို NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့်၊ ဒုဝန်ကြီးဦးမိုးဇော်ဦးအပြင် အမေရိကန်လွှတ်တော်အမတ် Todd Young ပါ တက်ရောက်ခဲ့သည်ဟု ဆိုပြီး အဆိုပါရုပ်သံဖိုင်သုံးခုကို Lai Nunbawm အမည်ရှိ Page တစ်ခုက အမေရိကန်စံတော်ချိန်အရ ဖေဖော်ဝါရီ ၁၈ ရက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ထိုရုပ်သံတွင် ချင်းတိုင်းရင်းသားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးများ၊ အမျိုးသားများက နပမ်းလုံးသတ်ပုတ်နေသည်ကို တွေ့ရပြီး ထိုသို့အမျိုးသားဝတ်စုံဖြင့်သတ်ပုတ်နေမှုမှာ ရှက်ဖွယ်ဖြစ်ကြောင်းလည်း ဝေဖန်နေကြကာ အဆိုပါဖြစ်စဥ်မှာမည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး ရုပ်သံကိုမူ Facebook Policy အရ MT News သတင်းဌာန၏ Telegram နှင့် Website တွင် ဖော်ပြသွားမည်ဖြစ်သည်။
american #indianapolis #NUG
mtnes #myanmar_transparency_news
