




၁၂.၁.၂၀၂၆
Written By Thandar
၂ဝ၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်အဖြစ် ရွေးချယ်ခံရသူ ၃၆ ဦး ယနေ့ ဇန်နဝါရီ ၁၂ရက်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တရားဝင် ထုတ်ပြန်လာတာဖြစ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ၂၀၂၅ ခုနှစ်အတွက် ရွှေကြိုမောင်မယ်တွေကို ရွေးချယ်လိုက်တဲ့ အယောက် ၃၅ ဦးစာရင်းကို ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နောက်ဆုံးအဆင့်က ရွေးချယ်ရတဲ့ ကလေးတွေကတော့ အမှတ်တွေနဲ့ ပတ်သက်ရင် အရမ်းကွာခြားတာမျိုးတွေတော့ မရှိပါဘူး။ အမှတ်တွေကမတိမ်းမယိမ်းတွေလည်း ရှိကြပါတယ်။ အရည်အချင်းတွေ အရမ်းကွာတာတော့မရှိပါဘူး။ အခုရွေးချယ်ခံရတဲ့ ကလေးတွေက ရွှေကြိုအတွက် သီးသန့်ရွေးချယ်လိုက်တာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ကိုချမ်းသာကြည်စိုးက MT Entertainment ကို ပြောပါတယ်။





အဆိုပါ ရွှေကြိုအဖြစ်နဲ့ ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်တွေအနေနဲ့ မောင်ရာဇာမျိုးမင်း၊ မောင်မင်းသက်ကောင်း၊ မောင်မိုးခန့်နိုင်၊ မောင်သက်ဝေကို၊ မောင်ခန့်တေဇ၊ မောင်စွမ်းရဲထက်၊ မောင်မင်းဟိဏ်းခန့်၊ မောင်ဇော်ထက်အောင်၊ မောင်ဘုန်းထက်အောင်၊ မောင်သုတကို၊ မောင်ကောင်းဇင်သူ၊ မောင်ရန်နိုင်ဗိုလ်၊ မောင်နီတိ၊ မောင်ဇော်ဇင်ဝင်းရှိုင်း၊ မောင်ကောင်းခန့်ငြိမ်းချမ်း၊ မောင်မင်းခေတ်ကောင်း၊ မောင်ကြယ်ဇင်လင်းထူး၊ မောင်စည်သူထက်တို့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
ရွှေကြိုမယ်အနေနဲ့ မအေးမြတ်မွန်၊ မမျိုးစန္ဒာ၊ မသက်ထားစံ၊ မစိုးရတနာအောင်၊ မဥမ္မာဖြိုး၊ မအိမ့်မှူးသွယ်အောင်၊ မဆုမြတ်သန္တာ၊ မယွန်းပိုးအိမ်၊ မဘောက်ဂျာ၊ မမြတ်ဝတ်ရည်သင်း၊ မနှင်းရတီထက်၊ မယွန်းဝဿန်လင်း၊ မအိအိမျိုး၊ မနှင်းမာလာကြည်၊ မကေသရီကျော်၊ မရွှန်းမျက်ခြယ်၊ မမြတ်နိုးစံ၊ မခိုင်ရည်မွန်တို့ကရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ရွှေကြိုမောင်မယ်တွေအဖြစ် ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ် ၃၆ ယောက်က လာမယ့်ဇန်နဝါရီလ ၁၄ ရက် နေ့လယ် ၁နာရီမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို နောက်ဆုံးထားပြီး လာရောက် သတင်းပေးပို့ရမယ်လို့သိရပါတယ်။
၂ဝ၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကိုတော့ ဖေဖော်ဝါရီ ၇ ရက်မှာ နေပြည်တော်ရှိ MICC-1 ခန်းမမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
