


နေမိုး
၁၁. ၁. ၂၀၂၆
NUG နဲ့ PDF တွေကို ထောက်ပို့လုပ်နေပြီး နွေဦးဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဦးကေသရကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက နွေဦးဆရာတော်ဦးကေသရဟာ NUG နဲ့ PDF တွေဆီ အလှူငွေပို့နေတဲ့အထဲက အမျိုးသမီးငယ်တွေကို လိင်အင်္ဂါပို့တာ၊ ကာမမှူဆိုင်ရာစကားတွေ ကျူးလွန်တာ၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်မှုနဲ့ လူမှုရေးပြစ်ဒဏ်ချမှတ်ခံရဖို့ အမျိုးသမီးအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပေမယ့် သင်္ကန်းဝတ်နဲ့ပဲ NUG ၊ PDF ထောက်ပို့လုပ်ပြီး ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်လှုပ်ရှားနေပေမဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ၊ ပရချွပ်ခီရီခန်မြို့ကို ဝင်ရောက်လာချိန်မှာ ထိုင်းနယ်ခြားစောင့်တပ်က ဆရာတော် ဦးကေသရကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။
လူမှုကွန်ရက်ရုပ်သံမှာ လင်းအားနည်းနေတဲ့စခန်းထဲ ဦးကေသရက သင်္ကန်းခြုံငုပ်တုပ်ထိုင်နေတာ တွေ့မြင်ရပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဦးကေသရရဲ့ NUG နဲ့ PDF အကြမ်းဖက်တွေကို ထောက်ပို့မှုနဲ့သက်ဆိုင်တဲ့ ဖမ်းဆီးမှုဖြစ်စဥ်တွေ တွေ့မြင်ရသလို လူဝတ်လဲအရေးယူမယ်ဆိုတာမျိုးလည်း သတင်းတွေ တွေ့မြင်ရပါတယ်။
နွေဦးဆရာတော်ဦးကေသရ လိင်မှုကိစ္စကျူးလွန်စဥ်က NUG နဲ့ PDF တွေက သူတို့ကို ထောက်ပို့လို့ အရေးမယူခဲ့ကြပေမဲ့ ဦးကေသရရဲ့ ကျူးလွန်မှု ခံစားရဖူးသူတွေနဲ့ အမျိုးသမီးရေးလှူပ်ရှားသူတွေ၊ ဦးကေသရကို လူမှုရေးပြစ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့သူတွေကတော့ အခုလို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အပေါ် နှစ်ထောင်းအားရ ရှိနေကြပါတယ်။
