




၁၁. ၁. ၂၀၂၆
Photo by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက် (ယနေ့)တွင် ဆက်လက် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ မဲရုံအမှတ် (၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇) တို့ကို အဆိုပါရပ်ကွက်ရှိ အ.လ.က (၄) ကျောင်းဝန်းအတွင်း ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။
မဲရုံများ စတင်ဖွင်လှစ်မဖွင့်လှစ်မီအချိန်ကတည်းက ဆန္ဒမဲပေးသူများ မဲရုံသို့ လာရောက်စောင့်ဆိုင်းနေကြပြီး နံနက် ၆ နာရီ မဲရုံစဖွင့်သည်နှင့် တစ်ပြိုင်နက် ဆန္ဒမဲပေးသူ များပြားခဲ့သည်။ ဒေါပုံမြို့နယ်အတွင်း မဲပေးနိုင်သူဦးရေ ၄၄,၄၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ကော်မရှင်ခွဲရုံးမှ သိရသည်။






ရွေးကောက်ပွဲ အပိုင်း (၂) ကို နိုင်ငံတစ်ဝန်း မြိုနယ်ပေါင်း ၁၀၀ ၌ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန် စသည့်မြို့နယ် ၁၆ ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနေခြင်းဖြစ်သည်။
