ကျုးလွန်သူဟုဆိုသည့် အသက် ၆၀ အရွယ် ကလေးကြီးအား ဖမ်းဆီးထားမှု တွေ့ရစဥ်

MT News

Written by Peya

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် အသက် ၆၀ အရွယ် ကလေးကြီးဆိုသူနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတို့ နှစ်ဦး အရက်ထိုင်သောက်ရာမှ စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ဖေဖော်ဝါရီ ၂၀ တွင် သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ သံတွဲမြို့နယ်၊ (၈)ရပ်ကွက်၊ ဒွါရာဝတီမြို့သစ်၊ (က-၂)လမ်း၊ အိမ်အမှတ်(၅၂၉)တွင် ဖေဖော်ဝါရီ ၁၈ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဥ်တွင် တစ်အိမ်တည်းအတူနေ အသက်(၆၅)နှစ်အရွယ်ရှိ ဦးလှရွှေ၊ (ဘ)ဦးညိုနှင့် အသက်(၆၀)နှစ်အရွယ်ရှိ ဦးဆန်းညွန့်ဦး(ခ)ကလေးကြီး၊ (ဘ)ဦးရွှေအေးတို့ အရက်သေစာ အတူသောက်စားရာမှ စကားများရန်ဖြစ်ပြီး ဦးဆန်းညွန့်ဦး(ခ) ကလေးကြီးက ဓားဖြင့်ခုတ်မှုကြောင့် ဦးလှရွှေတွင် ခန္ဓာကိုယ်အနှံ့ ပြတ်ရှဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ဓားဖြင့် ခုတ်သူ ဦးဆန်းညွန့်ဦးကို သံတွဲမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *