Photo- Credit

MT News

Written By Thandar

အလှမယ်လောက,ကနေတစ်ဆင့် သရုပ်ဆောင်လောကထဲရောက်လာတဲ့ နန်းခင်ဇေယျာက Facebook ပေါ်မှာ ပရိသတ်တွေကြား ရေပန်းစားသွားတဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး အင်္ကျီတချို့ ဘရာမပါဘဲ ဝတ်ရတဲ့အခါ အမှားလေးတွေ အလွဲတွေရှိတယ်။ မီးထိုးမှန်ထိုးကင်မရာ ချိန်တဲ့အချိန်မှာ Angle လွဲတာလည်းရှိလို့ နန်းခင်ကတော့ ဘာမှမဖြစ်ပါဘူးလို့ ဆိုပါတယ်။

“အနုပညာသမားတွေက ဝေဖန်မူတွေနဲ့ မကင်းကြပါဘူးနော်။ ဝေဖန်မူ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံတာလည်းရှိတယ်။ လက်ခံသင့်တာ လက်ခံပြီး လက်မခံသင့်တာကိုတော့ လက်မခံပါနဲ့။ လူတိုင်းက ကိုယ့်ဒီဇိုင်းကြိုက်သူရှိသလို မကြိုက်သူလည်း ရှိကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့။ ဘာမှလည်း မပြောချင်ပါဘူး။ သိပ်ဆိုးဆိုးဝါးဝါးလည်း မဟုတ်သေးပါဘူး။ အားပေးတဲ့ Comment တွေမှာ ကိုယ့်ကို ချစ်ပြီးတော့ ပြောင်ထားကြတယ်။ ဟာသပုံစံလေး ပရိသတ်တွေ ပျော်ရွှင်စရာ Message လေးပေးရတာပေါ့။ နန်းခင်ကို အဆိုးဝေဖန်သူက နည်းတယ်။ ဟာသအနေနဲ့ Share ကျတာပါ။ ဒီပုံစံကတော့ ဖြစ်တတ်ပါတယ်။ နန်းခင်တို့ပွဲတွေမှာလေ အင်္ကျီတချို့ ဘရာမပါဘဲ ဝတ်ရတဲ့အခါ အမှားလေးတွေ အလွဲတွေရှိတယ်။ မီးထိုးမှန်ထိုးကင်မရာ ချိန်တဲ့အချိန်မှာ Angle လွဲတာလည်းရှိလို့ နန်းခင်ကတော့ ဘာမှမဖြစ်ပါဘူး”လို့ သရုပ်ဆောင် နန်းခင်ဇေယျာက ပြောပါတယ်။

သူမက လက်ရှိကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ Nang-Just a Taste တတိယမြောက်ဆိုင်ကိုလည်း ဖွင့်လှစ်ထားသူဖြစ်ပါတယ်။ နန်းခင်ဇေယျာကတော့ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ကျင်းပတဲ့ ဒီဇိုင်နာ ရတုရဲ့ ၂၀၂၃ ခုနှစ်သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

“International ပြိုင်ပွဲကြီးတောင်မပြောနဲ့ ပွဲတက်သေးသေးလေးတောင် အင်္ကျီက Fitting ချထားတုန်းကအကောင်း တကယ့်ပွဲတက်မှ ဇစ်ကကွဲနေတာတွေ။ ခလုတ်တိုက်တာတွေ။ အင်္ကျီမှာ အလွဲရှိတာပေါ့။ ချုပ်စာလေးပြဲနေတာတွေ အမြဲကြုံခဲ့ရဖူးလို့ ဒါလေးကအေးဆေးပါပဲ။ လူတစ်ယောက်အတွက် ဖက်ရှင်ကလည်း အရေးကြီးပါတယ်။ ကိုယ်နဲ့လိုက်တဲ့ ဖက်ရှင်တော့ဝတ်သင့်တာပေါ့နော်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *