




၁၀.၁.၂၀၂၅
Written by Nay Yuang Lin
ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ဆန္ဒမဲရုံများကို ဇန်နဝါရီ ၁၀ ရက်တွင် ပြင်ဆင်နေပြီး အီလက်ထရောနစ်မဲပေးစက်များကိုလည်း ယနေ့ နံနက် ၉ နာရီတွင် တပ်ဆင်ကာ စမ်းသပ်မဲပေးမှုများ ပြလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အီလက်ထရောနစ်မဲပေးစက်များဖြင့် စမ်းသပ်မဲပေးခြင်းကို အသိသက်သေများရှေ့တွင် မဲရုံမှူးများက စနစ်ကျတပ်ဆင် ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများကလည်း လေ့လာကြည့်ရှုခဲ့ကြသည်။





၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို နိုင်ငံတစ်ဝန်း မြို့နယ် ၁၀၀ ၌ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကာ မနက်ဖြန် နံနက် ၆ နာရီအချိန် မဲရုံများစတင်ဖွင့်လှစ်ပြီးနောက် ပြည်သူများ ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက်ပွဲကျင်းပမည့် ၁၆ မြို့နယ်မှာ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်တို့ဖြစ်ကြသည်။
