
၈.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အဓိကကျတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုမှ အမေရိကန်နိုင်ငံအနေနဲ့ နုတ်ထွက်ဖို့ ဇန်နဝါရီလ ၇ ရက်မှာ အမိန့်ပေးခဲ့တဲ့အတွက် အမေရိကန်အစိုးရရဲ့ဘက်စုံပူးပေါင်းဆောင်ရွက်မှုမှ ဆုတ်ခွာမှုကို အရှိန်မြှင့်တင်ပေးရာရောက်ခဲ့တယ်လို့ သိရပါတယ်။
အဖွဲ့အစည်းအများစုက ကုလသမဂ္ဂနဲ့ ဆက်စပ်နေတဲ့ ရာသီဥတု၊ အလုပ်သမား၊ ရွှေ့ပြောင်းနေထိုင်မှုနဲ့ လူမှုရေးမူဝါဒတွေကိုအလေးထားတဲ့ အေဂျင်စီတွေနဲ့ အဖွဲ့တွေ ဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက အေဂျင်စီတွေဟာ အမေရိကန်အကျိုးစီးပွားနဲ့ ဆန့်ကျင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က အမေရိကန်များအား ဝန်ကြီးဌာနတွေကို ကုလသမဂ္ဂနဲ့ဆက်စပ်နေတဲ့အဖွဲ့အစည်း ၃၁ ခုနဲ့ ကုလသမဂ္ဂမဟုတ်တဲ့ အဖွဲ့အစည်း ၃၅ ခုမှာ ပါဝင်တာနဲ့ ရန်ပုံငွေထောက်ပံ့တာကို အမြန်ဆုံး ရပ်တန့်ဖို့ ညွှန်ကြားတဲ့ အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီအဖွဲ့အစည်းတွေမှာ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အကြမ်းဖက်မှုတိုက် ဖျက်ရေးနဲ့ လူ့အခွင့်အရေးအပါအဝင် အခြားနယ်ပယ်များတွင် ပါဝင်သည်။
ဒီ လုပ်ဆောင်ချက်က ထရမ့်ပ်ရဲ့ ပါရီရာသီဥတုသဘောတူညီချက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အေဂျင်စီ UNRWA အပါအဝင် ကုလသမဂ္ဂအေဂျင်စီတွေအတွက် ရန်ပုံငွေဖြတ်တောက်ဖို့ ယခင်ဆုံးဖြတ်ချက်တွေကို လိုက်နာတဲ့ လှုပ်ရှားမှုလည်းဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ကလည်း အမေရိကန်ဟာ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) မှတစ်ဆင့် ထောက်ပံ့နေတဲ့နိုင်ငံခြားအကူအညီတွေကို လျှော့ချခဲ့တဲ့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းအများအပြားကို အဓိကအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ကမ္ဘာ့ ပြည်သူတွေရဲ့ကျန်းမာရေးအတွက်ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့ ဖိအားပေးမှုတွေဖြစ်ခဲ့ပါတယ်။
Ref : DW News
