၃.၁.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းသမ္မတ ဇယ်လန်စကီးက လက်ရှိကာကွယ်ရေးဝန်ကြီး ဒင်းနစ်ရှမီဟယ်လ် နေရာမှာ ကာကွယ်ရေးဝန်ကြီးအသစ်ခန့်ထားဖို့ သူ့အနေနဲ့ စီစဉ်ထားတယ်ဆိုတာ လူမှုမီဒီယာမှာ ထုတ်လွှင့်တဲ့သူ့ရဲ့ နေ့စဉ်မိန့်ခွန်းမှာ ဇန်နဝါရီလ ၂ ရက်က ပြောကြားခဲ့ပါတယ်။
ဇယ်လန်စကီးက ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် လက်ရှိ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဝန်ကြီး မီခေလို ဖီဒိုရော့ဗ်နဲ့ အစားထိုးလိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ သမ္မတက လက်ရှိကာကွယ်ရေးဝန်ကြီးကို အစားထိုးလိုတာအတွက် အကြောင်းတစ်စုံတစ်ရာမပြောခဲ့ဘဲ နိုင်ငံရဲ့ တည်ငြိမ်မှုအတွက် အရေးကြီးတဲ့ အစိုးရလုပ်ငန်းနယ်ပယ်တစ်ခုကို ဦးဆောင်မယ်လို့သာ ပြောခဲ့ပါတယ်။

ဇယ်လန်စကီးက ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ ဆုံးဖြတ်ထားပြီး ကာကွယ်ရေးဝန်ကြီးသစ်အဖြစ်တာဝန်ယူဖို့ မီခေလို ဖီဒိုရော့ဗ်ကို ရာထူးကမ်းလှမ်းထားတယ်လို့လည်း ပြောခဲ့ပါတယ်။
မီခေလိုက ဒရုန်းတွေနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ နက်ရှိုင်းစွာပါဝင်ပတ်သက်နေပြီး နိုင်ငံတော် ဝန်ဆောင်မှုတွေနဲ့လုပ်ငန်းစဉ်တွေကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရာမှာလည်း အလွန်ထိရောက်မှုရှိတယ်လို့ ဇယ်လန်စကီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အလားတူ စစ်ဖက်နောက်ထပ်အပြောင်းအလဲတစ်ခုအနေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက နိုင်ငံမှာ လူကြိုက်များထင်ရှားတဲ့ စစ်ထောက်လှမ်းရေးဌာန GUR ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကရီလို ဘူဒါနော့ဗ်ကို ယူကရိန်း၏ စစ်ဦးစီးချုပ်အသစ်အဖြစ် ဇန်နှဝါရီလ ၂ ရက်က ကြေညာခဲ့ပါတယ်။
ဘူဒါနော့ဗ်ကို အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုအတွင်းမှာ ရာထူးကဖြုတ်ချခံခဲ့ရတဲ့ အန်ဒရီ ရာမတ်ရဲ့ နေရာကို အစားထိုးခန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။
Ref- DW News
