





၁.၁.၂၀၂၆
Written by Thiri
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)၊ ရန်နိုင်ရပ်ကွက်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၅၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်း လူမှုကူညီရေး အသင်းတွေဆီကနေ သိရပါတယ်။
အဆိုပါမီးလောင်မှုကို ပျဉ်းမနားမြို့နယ်မီးသတ်တပ်ဖွဲ့ နဲ့ အရန်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်းငြှိမ်းခဲ့ကြပြီး level 2 အဆင့်ခေါ်ယူကာ အချိန် တစ်နာရီကျော်ကြာအောင် ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားကြောင်း 191 Report Mobile Application ကို အသုံးပြုပြီး ပြည်သူတစ်ဦးမှ သတင်းပေးပို့လာတာကြောင့် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူရဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုနဲ့ နေပြည်တော်အတွင်းရှိ မီးသတ်စခန်းများမှ Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၅ မိနစ်မှာ မီးထိန်းခဲ့ပြီး ည ၁၀ နာရီ အချိန်မှာ မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံက မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပြီး မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးကိုတော့ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။
