Photo Credit – สมบัติ ค่าลือ
၂၀. ၂. ၂၀၂၃
Written by Ye Kyaw
ကိုဗစ်ကြောင့် သုံးနှစ်ခန့်ပိတ်ထားသည့် မြန်မာ – ထိုင်းနယ်စပ် တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
“ပုံမှန်ကလေ ကုန်သွယ်မှုက တံတားအမှတ်(၁)မှာ မလုပ်ဘူး။ တံတား (၂)မှာပဲ လုပ်တာပေါ့နော်။ အမှတ် (၂) တံတားက အရင်ထဲက ဖွင့်ထားတယ်။ အဲဒီကနေသွားတယ်။ အခုဖွင့်တဲ့ အမှတ် (၁) တံတားမှာကျတော့ လူရယ်၊ ကုန်ပစ္စည်းကတော့ တစ်နိုင်တစ်ပိုင်လေးတွေပဲ သွားမှာပါ။ အရင်ထဲက အမှတ် (၂)တံတားကနေ သွားနေတာ” ကျိုင်းတုံ-တာချီလိတ်နယ်စပ်ကုန်သွယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)တံတား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဆေးသုတ်ခြင်း၊ သန့်ရှင်းပြုလုပ်ခြင်းများကို ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။






