MT News

Photo Tha Doe

အခါကြီးရက်ကြီးတွေမှာ ဟိုးအရင်ကိုဗစ်မဖြစ်ခင်ကလို စည်ကားနေတယ်ဆိုပေမဲ့ သာမန်ပိတ်ရက်တွေမှာ စည်ကားမှုနည်းပါးတဲ့ ရွှေတိဂုံစေတီတော်မှာ ဝတ်အသင်းတွေ၊ တံမြက်စည်းလှည်းတဲ့ အသင်းတွေ၊ စတုဒိသာပေးဝေမှုတွေ မမြင်ရတော့တာကြာပါပြီ။

ဒီကြားထဲမှာပဲ နိုင်ငံရေးပဋိပက္ခကြောင့် လှူရင်၊ တန်းရင်၊ ဘုရားသွားကျောင်းတက်ရင်ကို ဆဲဆိုတိုက်ခိုက်ဗုံးခွဲနေတာကြောင့်လည်း ဗုဒ္ဓဘာသာကျောင်းကန်တွေမှာ တိတ်ဆိတ်သွားခဲ့တာကလည်း နှစ်နှစ်နီးပါးရှိနေပါပြီ။

ဒါပေမဲ့ ပုံမှန်ပိတ်ရက်တွေထဲက ဒီနေ့မှာတော့ ရွှေတိဂုံစေတီတော်မှာ လူစည်ကားများပြားလှသလို ရန်ကုန်မှာ ထိပ်တန်း International School ဖြစ်တဲ့ International School of Yangon က ၁၂ တန်းအောင်မြင်လာတဲ့ လူငယ်လေးတွေရဲ့ဘွဲ့နှင်းသဘင်လို့ဆိုရမဲ့ အခမ်းအနားကလည်း ရွှေတိဂုံစေတီတော်မှာမြင်ရချိန်မှာတော့ ဒီနှစ်နှစ်အတွင်းမှာ ကိုယ့်ဘဝကိုယ် အပျက်စီးခံပြီး ဓားမနဲ့ အဓမ္မကြားမှာ နစ်မွန်းသွားတဲ့ ဆင်းရဲသားလူငယ်တွေရဲ့ အသုံးချခံလူငယ်တစ်စုအကြောင်းကို တွေးဆမိပြန်ပါတယ်။

အသိဉာဏ်မြင့် ပညာမြင့်တဲ့ မိဘတွေဟာ ဓားမနဲ့ အဓမ္မကြားမှာ နစ်မွန်းမခံဘူးဆိုတာကတော့ ဦးရည်မွန်တို့ ဒေါက်တာဇော်ဝေစိုးတို့ဟာ သူတို့သားသမီးတွေကို မြန်မာနိုင်ငံရေးအကျပ်အတည်းမှာ သူတို့အသုံးချနေတဲ့ သူတစ်ပါးသားသမီးတွေလို ဘဝဆုံးမခံဘဲ ပြည်ပမှာကျောင်းဆက်တက်၊ ပိုမြင့်တဲ့ဘဝတွေယူစေခဲ့တာ သက်သေဖြစ်နေချိန်မှာ မြန်မာပြည်က လူငယ်သုံးသိန်း၊ လေးသိန်းကတော့ မဟုတ်မမှန်သူတွေ အားပြိုင်ပွဲမှာ ဘဝပျက်သွားကြတာ တွေ့မြင်ရတာ စိတ်မကောင်းစရာပါ။

အခုအချိန်မှာ မြန်မာနိုင်ငံအနှံအပြား တက္ကသိုလ်တွေမှာ ဘွဲ့နှင်းသဘင်တွေ စတင်ပြုလုပ်နေပါပြီ။ ဒီလိုဘွဲ့နှင်းသဘင်တွေမှာ တက်ရောက်ဘွဲ့ယူနေတဲ့လူငယ်တွေဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ အဆဲအဆိုခံ၊ ရှုတ်ချခံ၊ ဗုံးအခွဲခံ၊ အသေခံကျောင်းတက်ခဲ့ရသူတွေပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ဟာ ရလာတဲ့ဘွဲ့တွေနဲ့အတူ အမြင့်ပျံကြတော့မှာပါ။ ဒီလိုလူငယ်တွေ အမြင့်ပျံနေချိန်မှာ ကျောင်းမပြီး ဘွဲ့မရ အသုံးချခံလူငယ်တစ်စုကတော့ တောနက်နက်ထဲမှာ အနာဂတ်မဲ့….။

Leave a Reply

Your email address will not be published. Required fields are marked *