၂၈. ၁၂. ၂၀၂၅
MT News Editorial
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ကျင်းပသည့် မြန်မာ့ရွေးကောက်ပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုထူးခြားသော ရလဒ်များနှင့် အစပြုနိုင်ခဲ့သည်ကို တွေ့ရှိရပေသည်။ မဲရုံများသို့ တစ်ခဲနက် လာရောက် မဲပေးကြသည့် ပြည်သူလူထု၏ အင်အားမှာ အံ့မခန်းဖြစ်ရသလို စိုးရိမ်ပူပန်ခဲ့ကြသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြားမှ အကြောက်တရားမရှိဘဲ လာရောက်မဲပေးခဲ့သည်က ငြိမ်းချမ်းရေးကို တောင့်တနေသည့် ပြည်သူ့ဆန္ဒများ မည်မျှပြင်းထန်နေသည်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။
ဤကဲ့သို့သော တစ်ခဲနက် မဲပေးမှု ဖြစ်ရပ်သည် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် သွေးထွက်သံယိုမှုများကို အဆုံးသတ်ကာ မိမိတို့၏ ကံကြမ္မာကို မဲစာရွက်ပေါ်တွင် ကိုယ်တိုင်ဆုံးဖြတ်လိုသည့်အပြင် NUG၊ PDF နှင့် EAOs တို့၏ အကြမ်းဖက်လုပ်ရပ်များကို မယုံကြည်၊ မနှစ်မြို့တော့ကြောင်း သတင်းပို့သည့် ပြည်သူလူထု၏ တိကျပြတ်သားသော သဝဏ်လွှာလည်း ဖြစ်ခဲ့ပေသည်။
ပြည်သူ့ဆန္ဒက သက်သေပြလိုက်သည့် တစ်ကျော့ပြန်ဒီမိုကရေစီသို့ အောင်မြင်မှုခြေလှမ်းအစနှင့် လေးစားဂုဏ်ပြုရမည့် မဲပေးပြည်သူ
၂၈. ၁၂. ၂၀၂၅
MT News Editorial
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ကျင်းပသည့် မြန်မာ့ရွေးကောက်ပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုထူးခြားသော ရလဒ်များနှင့် အစပြုနိုင်ခဲ့သည်ကို တွေ့ရှိရပေသည်။ မဲရုံများသို့ တစ်ခဲနက် လာရောက် မဲပေးကြသည့် ပြည်သူလူထု၏ အင်အားမှာ အံ့မခန်းဖြစ်ရသလို စိုးရိမ်ပူပန်ခဲ့ကြသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြားမှ အကြောက်တရားမရှိဘဲ လာရောက်မဲပေးခဲ့သည်က ငြိမ်းချမ်းရေးကို တောင့်တနေသည့် ပြည်သူ့ဆန္ဒများ မည်မျှပြင်းထန်နေသည်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။ဤကဲ့သို့သော တစ်ခဲနက် မဲပေးမှု ဖြစ်ရပ်သည် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် သွေးထွက်သံယိုမှုများကို အဆုံးသတ်ကာ မိမိတို့၏ ကံကြမ္မာကို မဲစာရွက်ပေါ်တွင် ကိုယ်တိုင်ဆုံးဖြတ်လိုသည့်အပြင် NUG၊ PDF နှင့် EAOs တို့၏ အကြမ်းဖက်လုပ်ရပ်များကို မယုံကြည်၊ မနှစ်မြို့တော့ကြောင်း သတင်းပို့သည့် ပြည်သူလူထု၏ တိကျပြတ်သားသော သဝဏ်လွှာလည်း ဖြစ်ခဲ့ပေသည်။
ပြည်သူတို့၏ တစ်ခဲနက် မဲပေးခဲ့သော ယနေ့တက်ကြွမှုနောက်ကွယ်တွင် ဆယ်စုနှစ် နှစ်ခုနီးပါး ကြာညောင်းသွားနိုင်သည့် စစ်ပွဲများအကြား ဆက်လက် မရှင်သန်လိုတော့ခြင်း၊ ဘေးကင်းလုံခြုံမှုမရှိဘဲ လက်နက်ကိုင်တိုင်းကို ကြောက်ရွံ့နေရသော ကျီးလန့်စာစားဘဝမှ ရုန်းထွက်လိုခြင်း၊ စစ်မှုထမ်းဥပဒေကဲ့သို့သော ဝန်ထုပ်ဝန်ပိုးများကို မလိုလားတော့ခြင်းနှင့် စားဝတ်နေရေး ကျပ်တည်းမှုများမှ လွတ်မြောက်ကာ ယခင်ကာလများကဲ့သို့ ချောင်လည်အေးချမ်းသော ဘဝတွင် ပြန်လည်နေထိုင်လိုခြင်းများက အဓိကတွန်းအားများ ဖြစ်နေသည်ကိုလည်း မြင်တွေ့ရပြန်သည်။
ထို့အပြင် အမှန်တကယ် လိုလားတောင့်တနေသည့် ဒီမိုကရေစီစနစ်သို့ ပြန်လည်ကူးပြောင်းပြီး မိမိတို့ထံက ဆုံးရှုံးသွားသော လူထုအာဏာကို စနစ်တကျ ပြန်လည်ရယူလိုခြင်းကလည်း ယနေ့မဲရုံများဆီသို့ လူထုကို ရောက်ရှိစေခဲ့ခြင်းလည်း ဖြစ်သည်။ ဤသည်တို့ကပင် ပြည်သူလူထုအနေဖြင့် လက်နက်ကိုင်နည်းလမ်းများထက် တည်ငြိမ်အေးချမ်းသော အရွေ့တစ်ခုကိုသာ ပိုမိုယုံကြည်ကြောင်း ပြသလိုက်သည့် ပြတ်သားသော ရွေးချယ်မှုပင် ဖြစ်သည်ဟုလည်း တိတိကျကျညွှန်းဆိုရပေမည်။
သို့သော် ယနေ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲတစ်ခုလုံးကို အစပျိုးသည့် ပထမပိုင်းသာ ရှိနေပါသေးသည်။ ပြည်သူအားလုံး မျှော်လင့်နေသည့် လွှတ်တော်ခေါ်ယူခြင်း၊ အစိုးရသစ်ဖွဲ့စည်းခြင်းနှင့် အာဏာလွှဲပြောင်းခြင်း လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ကျန်ရှိနေသေးသည့် ဒုတိယပိုင်းနှင့် တတိယပိုင်း ရွေးကောက်ပွဲများ ယနေ့ကဲ့သို့ အောင်မြင် အေးချမ်းစွာ ပြီးဆုံးရန် လွန်စွာ အရေးကြီးနေပါသည်။
ထို့ကြောင့် ရွေးကောက်ပွဲ ပထမပိုင်းတွင် တစ်ခဲနက် မဲပေးခဲ့သည့်အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းကာ ကျန်ရှိနေသေးသော မဲမပေးရသေးသည့် မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး မဲရုံများသို့ ဆက်လက်လာရောက် မဲပေးကြပါရန် လေးနက်စွာ တိုက်တွန်းလိုပါသည်။
မိမိတို့ကိုယ်တိုင် မဲပေးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ခြင်း ဖြစ်သကဲ့သို့၊ အမှောင်ထုအတွင်းမှ အလင်းရောင်ရှိရာသို့ လျှောက်လှမ်းမည့် ဤအရွေ့ကို အရှိန်ကောင်းကောင်းဖြင့် ခရီးပေါက်စေရန်အတွက် အဓိကကျသော တွန်းအားပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲများ အပိုင်းအားလုံး ပြီးဆုံးသည်အထိ ပြည်သူတို့၏ အင်အားဖြင့် ဝိုင်းဝန်းပုံဖော်ကြမှသာလျှင် ကျွန်ုပ်တို့ အားလုံး မျှော်လင့်တောင့်တနေသည့် တစ်ကျော့ပြန် ဒီမိုကရေစီနှင့် လူထုအာဏာ ပြန်လည်ရရှိရေး ခရီးစဉ်မှာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း MT News က တင်ပြ တိုက်တွန်းအပ်ပါသည်။