၂၈. ၁၂. ၂၀၂၅
Written & Photo by NYL
ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားမြို့နယ်၊ မဲရုံအမှတ် (၁) ကို မဲပေးမည့်သူမရှိတော့၍ သတ်မှတ်ပိတ်သိမ်းချိန် ယနေ့ ညနေ ၄ နာရီတိတိတွင် မဲရုံပိတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မဟာဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှ်ိ မဲရုံအမှတ်(၁)သည် မဲရုံလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ကြိုတင်မဲများ စတင်ရေတွက်လျက်ရှိကြောင်း သိရသည်။






အဆိုပါ ကြိုတင်မဲရေတွက်ခြင်းနှင့် ယနေ့မဲပေးမှုရေတွက်ခြင်းကို သက်ဆိုင်ရာကိုယ်စားလှယ်လောင်းများ(သို့) ကိုယ်စားလှယ်လောင်း၏ တာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများရှေတွင် ပြုလုပ်ခဲ့ပြီး ကနေဦးအနေဖြင့် ကြိုတင်ဆန္ဒမဲပုံးကို ဖွင့်ဖောက် မဲရေတွက်ခဲ့သည်။
ထို့နောက် MEVM စက်ဖြင့် မဲပေးရွေးချယ်ထားသည့် ရလဒ်များကို စစ်ဆေးကြေညာခဲ့သည်။
၂၀၂၅ ရွေးကောက်ပွဲစတင်ကျင်းပသည့် ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၆ နာရီတွင် မဲရုံကို စတင်ဖွင့်လှစ်ခဲ့ပြီး နံနက်အစောပိုင်း ၆ နာရီခွဲခန့်တွင် မဲပေးသူတစ်ဦးစ နှစ်ဦးစ မဲပေးရန်လာရောက်ရာမှ နံနက် ၇ နာရီခန့်က စတင်၍ တစတစများပြားလာသည်ကို တွေ့ရသည်။
အဆိုပါ မဲရုံတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများလည်း လာရောက်သတင်းယူလျက်ရှိပြီး စည်းမျဥ်းများနှင့်အညီ လွယ်ကူစွာလေ့လာ၊ ရိုက်ကူးနိုင်သည်ကို တွေ့ရှိရသည်။
