
နေမိုး
၂၈. ၁၂. ၂၀၂၅
အမြန်လမ်းပေါ်တက်ကာ ပြည်သူများ၏ သွားလာမှုကို အမြဲတစေနှောင့်ယှက်နေသော နွားထိုးကြီး PDF များက ယနေ့လည်း ပြည်သူများ မဲပေးရန် သွားလာကြမည်ဖြစ်သည်ကို သိရှိ အနှောင့်အယှက်ပေးရန် အမြန်လမ်းပေါ်တက် သောင်းကျန်းနေသဖြင့် နယ်မြေရှင်းလင်းမှုပြုလုပ်နေရသည်။
ဖြစ်စဉ်မှာ ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီအချိန်ခန့်က အမြန်လမ်း မိုင်တိုင် အမှတ် ၃၃၁ နှင့် ၃၃၂ ကြားတွင် နွားထိုးကြီး PDF ခန့်မှန်း အင်အား ၃၀ ဦးခန့် တက်ရောက်လာပြီး ခရီးသွားကားများကို ရပ်တန့် စစ်ဆေးနေချိန် လုံခြုံရေးတပ်ဖွဲ့နှင့် တွေ့ဆုံပြီး ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်များ အထိအခိုက် အကျအဆုံးများစွာဖြင့် နွားထိုးကြီးမြို့နယ်ဘက်သို့ ထွက်ပြေးသွားသဖြင့် လိုက်လံရှင်းလင်းနေကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိကြောင်း ကနဦး သိရသည်။
အမြန်လမ်းပေါ် မကြာခဏတက်ကာ ပြည်သူများနှင့် လုံခြုံတပ်ဖွဲ့များကို မကြာခဏတိုက်ခိုက် ဒုက္ခပေးနေသော PDF များမှာ NUG ဩဇာခံ PDF များဖြစ်သော မြင်းခြံခရိုင် တပ်ရင်း (၄) နှင့် တပ်ရင်း (၁၀) ဖြစ်ပြီး ထို PDF များ ဒုက္ခပေးမှုကြောင့် ခရီးသွားပြည်သူများမှာ အမြန်လမ်းပေါ် နာရီအတန်ကြာ ပိတ်မိနေသည်ဟုလည်း တိုက်ပွဲနှင့်ကြုံခဲ့သော ခရီးသွားပြည်သူတစ်ဦး၏ အကောင့်တွင် ရုပ်သံနှင့်တကွ ဖော်ပြထားသည်။
ရုပ်သံ – ဘိုင်အိုဂျက်ဆစ်
