◾️ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များကို၏ လေ့လာစောင့်ကြည့်မှုများကိုပါ တွေ့ဆုံမေးမြန်း
MT News
၂၈. ၁၂. ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအားလုံးအနေဖြင့် သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲများပေးကြသည်။






ထိုသို ဆန္ဒမဲများပေးကြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြိုနယ်၊ အနော်ရထာရပ်ကွက်ရှိ မဲရုံအမှတ်(၁)၌ ပါဝင်ဆန္ဒမဲပေးသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ဆန္ဒမဲပေးပြီးချိန်တွင် မဲရုံသိုလာရောက်သတင်းရယူကြသည့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲဝင်များလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း လှည့်လည်၍ သက်ဆိုင်ရာမဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များကိုပါ တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရှိရသည်။





မြန်မာနိုင်ငံတွင် ယနေ့ စတင်ကျင်းပသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံးကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲဆွယ်စည်းရုံးခွင့်များကို တန်းတူညီမျှ ခွင့်ပြုပေးခဲ့သည်။ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၂၁၅၁၇ ရုံရှိပြီး မဲရုံတစ်ရုံစီတွင် စနစ်တကျလေ့ကျင့်ထားသည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များရှိကာ မဲရုံများတွင် မဲဆန္ဒရှင်များအနေဖြင့် လွတ်လွတ်လပ်လပ်နှင့် ပွင့်လင်းမြင်သာစွာဖြင့် အဆင်ပြေလွယ်ကူစွာမဲပေးနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ထိုသို့ လွတ်လပ်မျှတစွာဆောင်ရွက်ပေးထားသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း မဲပေးပြီးချိန် မီဒီယာများ၏ မေးမြန်းမှုအပေါ် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ကို အာမခံထားကြောင်းနှင့် တပ်မတော်က ပြုလုပ်သည့်အတွက် နာမည်အပျက်မခံကြောင်း ပြောကြားခဲ့သည်။ ထိုသို့ အာမခံပေးထားသည့် မြန်မာ့ရွေးကောက်ပွဲကို ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ နီကာရာဂွာ၊ အိန္ဒိယ၊ မြန်မာ-ဂျပန်အသင်းအပြင် အခြားသောနိုင်ငံများမှလည်း လာရောက်လေ့လာနေကြောင်း သိရှိရသည်။
