MT News
၂၈. ၁၂. ၂၀၂၅
ယနေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် မြန်မာပြည်သူများ၏ လွတ်လပ်မျှတစွာ ဆန္ဒမဲပေးမှုများအား စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။





ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xi Jun ဦးဆောင်သောအဖွဲ့၊ ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် H.E. Mr. YICH Samethy ဦးဆောင်သောအဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ Mr. Nguyen Duc Thinh ဦးဆောင်သောအဖွဲ့တို့ပါဝင်သည်။




ထို့အတူ အိန္ဒိယနိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Mr. Sahni Arun Kumar ဦးဆောင်သောအဖွဲ့၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Alexei BASHAN ဦးဆောင်သောအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario jose Armengol Campos ဦးဆောင်သောအဖွဲ့၊ ထိုင်းနိုင်ငံမှ စောင့်ကြည့်ရေးအဖွဲ့များအပြင် အခြား နိုင်ငံများမှလည်း ပါဝင်လေ့လာနေကြောင်း သိရသည်။
